Part-13

3.6K 401 37
                                    

ကမ်းနားလမ်းအနားရှိ အနီးဆုံး တွင်ရှိသော ဆေးရုံစင်္ကြန်လမ်းတစ်လျှောက် ခပ်သွက်သွက်ပြေးလှမ်းလာနေသည့် Off ၏ခြေလှမ်းတို့သည် ပူပန်မှုတို့ဖြင့် စွက်နေသည်.။  Krist ကိုဘေးကင်းရာကို အရင်ပို့ထားခဲ့ပြီးလေမှ ထိခိုက်ဒဏ်ရာ ရကြသည့်သူများသည် Gun တို့ညီအစ်ကို ဖြစ်နေမှန်းသူ သိခဲ့ရခြင်းပင်ဖြစ်သည်.

မနက်က နွမ်းလျဟန်မျက်နှာငယ်လေးကိုမြင်မိပြန်လေတော့ ရင်က အတိုင်းအဆမသိနာ၏။

မှုခင်းဖြစ်ရပ်မို့ ကောင်တာတွင် မြန်မြန်သိခဲ့ရပြီး အရေးပေါ်ခန်းရှေ့ဆီသို့ရောက်လာခဲ့သည်.။ Off ရောက် ရောက်ခြင်းပင် မျက်နှာချင်းဆိုင် ဘက်မှ အသက်မရှိသလိုလျှောက်လာလေသော Singto ကိုမြင်တော့ ထိတ်ခနဲဖြစ်သွားရသည်.။

“N’ Singto . Gun .Gun ရဲ့အခြေအနေ.”

အပြေးအလွှားမေးကြည့်တော့ နီရဲနေသည့် Singto ၏ မျက်လုံးများသည် မော့ကြည့်လာသည်.။

“Gun အရေးပေါ်ခန်းထဲမှာပဲရှိသေးတယ်.။”

“ဒါ-ဒါဆို Gun ရဲ့အကို ဆိုတာရော.”

“ဆုံးသွားပြီ”

“ဘာ!”

အေးစက်စက်အသံသည် ယူကြုံးမရဟန်တို့ဖြင့်ပြည့်သိပ်နေသည်.။ Singto သည် ရှိုက်ကြီးတငင်ငိုကြွေးခဲ့ပြီးပုံရသည်.။ယခု တွင်တော့ မျက်ရည်များက အတောမသတ်နိုင်အောင်ကျနေသည်.။

“နစ်နာသူဘက်က အမျိုးဟုတ်ပါတယ်နော်”

သက်ဆိုင်ရာမှ လူကြီးတစ်ချို့က အနားရောက်လာသည်မို့ Singto မျက်ရည်သုတ်လိုက်သည်.

“ဟုတ်ကဲ့.။”

“အခင်းဖြစ်ပွားချိန်မှာ သိမ်းဆည်းခဲ့ရတဲ့ကားတွေကတော့ အားလုံးလိုင်စင်မဲ့တွေဖြစ်ပြီး မှောင်ခိုကားတွေချည်းပါပဲ.။ဒါပေမယ့် အပြာရောင်ကားတစ်စီးကတော့ ပိုင်ရှင်ရှိနေတယ်.မဟူရာလုပ်ငန်းစုက ဒုဥက္ကဌ Krist Perawat ပါ.။ သူ့ကိုရော ဒီက Khun က သိပါသလား.”

Krist နာမည်ကြားလိုက်သည်နှင့် Singto ၏ မျက်လုံးတို့မုန်းစိတ်ဖြင့်အရောင်လဲ့သွားသည်.။

“သူ-က မဟူရာအုပ်စုကလား.။သူ-သူပဲ Oak ကိုပစ်သတ်ခဲ့တာ။ကျွန်တော် သူ့ကိုတရားစွဲမယ်.။ကျွန်တော်မျက်မြင်သက်သေပါ.။”

ချစ်​ခြင်းကို​စေ.......💓Where stories live. Discover now