Part-11

3.9K 400 32
                                    

ဆိုဖာပေါ်တွင် ပုံ့ပုံ့လေးထိုင်လျက် Arthit သည် မျက်နှာငယ်လေးဖြင့်ရှိနေသည်.။ Krist သည် သူ့ကိုကျောပေးကာ ပြတင်းပေါက်နားမှာရပ်နေသည်.။

“ငါ ဘယ်လောက်စိတ်ပူသွားလဲ မင်း သိမှာ မဟုတ်ဘူး ။ ”

“တောင်းပန်ပါတယ် စိတ်မဆိုးပါနဲ့ Kit ရယ်။ငါ--ငါက မင်းကို တမင်စိတ်ပူစေချင်လို့မဟုတ်ပါဘူး။ ငါ ဖုန်းဆက်ဖို့မေ့သွားလို့ပါ.နော်.”

“ငါ စိတ်ဆိုးတာ မဟုတ်ဘူး.။ပူလောင်တာ စိုးရိမ်တာ..ငါ မကာကွယ်လိုက်နိုင်ဘဲ                                                                  မင်း တစ်ခုခုဖြစ်သွားမှာသေမတတ်သောက ရောက်နေတာ..ငါ--”

“တောင်းပန်ပါတယ် ဟင့်~~~ အီး~~~ ဟီး~~ ငါ့ကိုစိတ်မဆိုးပါနဲ့”

နောက်ကနေ ခါးကိုလာဖက်လျက် Arthit သည် ကလေးငယ်လို ရှိုက်ကြီးတငင်ငိုကြွေးတော့သည်.။ကိုယ်လည်းစိတ်ပင်ပန်း.. သူလည်း စိတ်ဆင်းရဲမည်ကို နားလည်သောကြောင့် ခဏမျှတော့ ငိုခွင့်ပေးလိုက်သည်.။ ပြီးမှ ခါးကလက်တို့ကိုဆွဲဖယ်ကာ Arthit ကို မျက်နှာချင်းဆိုင်လိုက်သည်.။

“မငိုနဲ့တော့ နှလုံးကောင်းတာလည်း မဟုတ်ဘူး.။ပြီးရင် မောဦးမယ်”

“အင့်~~ ငါ တောင်းပန်တယ်နော်.~~ မင်း စိတ်ဆိုးရင် ငါ တကယ်နေစရာ မရှိဘူး.။”

“နောက်ခါ ငါ့ကိုဖြစ်ဖြစ် Off ကိုဖြစ်ဖြစ် မမေ့မလျော့ဖုန်းဆက်ပါ.။သူလည်းမင်းကို အရမ်းစိတ်ပူနေတာ.။ပြီးတော့ ဟို တစ်ယောက်က ချစ်သူဆို ဟုတ်လား.”

Arthit က မ၀ံ့မရဲနှင့်ခေါင်းညိတ်ပြသည်.။ပြီးတော့ ချက်ချင်း ပြာပြာသလဲ ဖြင့်--

“အဲ့ဒါ ငါ မင်းကိုတမင်မပြောတာ မဟုတ်ပါဘူး.။မင်း မအားသေးတာနဲ့ ငါက အေးဆေးပြောပြမို့ပါ..”

“အင်းပါကွာ..မင်း အရွယ်ရောက်နေပြီပဲ.။ချစ်သူရည်းစားထားတာ ငါ ဘာမှမပြောပါဘူး.။”

“တကယ်~~ အာ့ကြောင့် မင်းကို ငါချစ်တာ..။ဒါဆို ငါ့ကို ဆူရှီလိပ် လုပ်ကျွေးမလား.။မင်း ဖုန်းဆက်ကတည်းက ငါ မင်းကိုစိုးရိမ်ပြီး စားမ၀င်တော့တာ.”

Arthit မျက်နှာချိုသွေးပုံက တကယ်ချစ်စရာကောင်းပါသည်.။Krist စိတ်လိုလိုက်ရ ရယ်လိုက်မိသည်.။

ချစ်​ခြင်းကို​စေ.......💓Where stories live. Discover now