Part-8

4.4K 438 19
                                    

ညနေခင်းတွင် ကန်ရေပြင်နံဘေး၌  လေနုသွေးက သွဲ့သွဲ့လေးတိုက်ခတ်နေသည်.။ကားသံ ယာဉ်သံကင်းရှင်းကာ ဆိတ်ငြိမ် လျက်ရှိပြီး ပတ်ဝန်းကျင်တွင်လည်း လမ်းလျှောက်ထွက်နေကြသည့် ဘိုးဘွားစုံတွဲတစ်ချို့..။ အေးအေးဆေးဆေးစကားပြောနေ ကြ သည့် လူကြီးတစ်ချို့နှင့် ၀ိုင်းဖွဲ့ထိုင်နေကြသည့် ကောင်မလေးအုပ်စုလေး သာရှိသည်.။
Singto ၏ စိတ်အာရုံအလုံးစုံကို ဖမ်းစားထားနိုင်သူကတော့ တစ်ယောက်တည်းရယ်ပါ.။

ကင်းဗတ်စ် စ ပေါ်တွင်  စုတ်ချက်ညီညီရေးချီနေသော သွယ်ပြောင်းသည့်လက်အစုံသည် အနုပညာဆန်သည်.။

စိတ်အာရုံနှစ်ထားမှန်းသိသာစေသည့် မျက်လုံးကြည်ကြည်လေးတွေကလည်း ကဗျာဆန်သည်.။

ချက်ချင်းပင်ပြေးပိုက်ပွေ့ထား ချင်စဖွယ်ကောင်းသည့် ကိုယ်လုံးလေးကလည်း မှော်ဝင်သည်.။

အမှန်ဆိုရပါလျှင် Singto သည် ခုံတန်းလျားလေးတွင် ကျောမှီထိုင်ကာ ပန်းချီကားချပ်ကိုစိတ်ပါလက်ပါဆွဲနေသော Arthit ၏ တင့်တယ်မှုကို ခွဲခြမ်းစိတ်ဖြာနေခြင်းသာ.။
ရက်ပိုင်းအတွင်းမှာပင် Arthit သည် သူ့ကို ပြုစားနိုင်လွန်းလှပါသည်.။

“ဟူး~~ ပြီးသွားပြီ။ Sing ငါ့ ပုံလေးလှလား.”

“အမ်?? အင်း လှတယ်.။ အကြည့်မလွှဲချင်လောက်အောင်လှတယ်.”

Singto ၏ မျက်လုံးက ကင်းဗတ်စ်စပေါ်က ကန်ရေပြင်ငယ်ပုံစံပန်းချီပေါ်တွင်မရှိ.။စူးစိုက်ကြည့်ကာ အဓိပ္ပာယ်မဖော်နိုင်သည့် မျက်လုံးတို့ကြောင့် Arthit မျက်နှာထက် စတော်ဘယ်ရီခင်းငယ်လေးသဖွယ် နီမြန်းသွားသည်.။

“ပန်းချီကိုရော ပြောနေတာဟုတ်လို့လား.”

“ဟုတ်တာပေါ့.။လှတယ်..တကယ် P’ နဲ့ပတ်သက်တာမှန်သမျှ အားလုံးလှတယ်.”

Arthit က ပြုံးယောင်သမ်းသည့်မျက်နှာလေးဖြင့်သာ Singto ၏ ဘေးတွင်ဝင်ထိုင်လာသည်.။

“ငါ ပန်းချီသွားဆွဲမယ်ဆိုတာကို ဘာလို့လိုက်လာပေးတာလဲ.။ခု မင်းပျင်းနေပြီမလား.”

“ပျင်းစရာလား P’ ရယ်.။ကျွန်တော့်မှာ အလှတရားအလုံးစုံကိုတောင် သေချာမလေ့လာရသေးဘူး အဟား--”

ချစ်​ခြင်းကို​စေ.......💓Where stories live. Discover now