Part -14

3.7K 410 27
                                    

မီးခိုးခေါင်းတိုင်မှတစ်ဆင့် တငွေ့ငွေ့ပျောက်ဆုံးသွားသော ပြာမှုန်တွေကိုကြည့်ကာ ဘယ်လောက်ပဲစိတ်တင်းထားစေကာမူ Singto ရှိုက်ကြီးတငင်ငိုကြွေးမိသည်.။

တွယ်ရာမဲ့ဘ၀တွေမှာညီအစ်ကိုရင်းတမျှ ချစ်ရသည့် သူငယ်ချင်း

အမြဲလိုလို သူ့ကို သည်းခံအနစ်နာခံပေါင်းသင်းတတ်သည့် သူငယ်ချင်း

ခက်ခဲသည့် အခြေအနေတွေကိုတောင် အတူတကွဖြတ်သန်းခဲ့ဖူးသည့် သူငယ်ချင်း

တွေးလေး မွန်းကြပ်စရာတွေ..လွမ်းမောစရာတွေပဲမို့ Singto သည် အနီးရှိ အုတ်ခုံငယ်လေးတွင် အရုပ်ကြိုးပြတ်ထိုင်ချလိုက်မိသည်.။  ရုံးကလူတွေကတော့ ဟိုဖက်ခြမ်းတွင် အလုပ်များ စီစဉ်ပေးနေသည်မို့ သူကတော့ ခဏလောက်ဖြင့် စိတ်ကိုလွှတ်ထားချင်မိပါသည်.။
ဒူးခေါင်းနှစ်ဖက်ပေါ် တံတောင်တင်ကာ မျက်နှာအုပ်ထားနေစဉ်မှာပင် မြင်ကွင်းထဲဝင်လာသည်က အနက်ရောင်ရှုးဖိနပ်တစ်စုံ။ မော့ကြည့်လိုက်မိတော့ ခဏမျှ တွေဝေသွားရပြီးမှ ၀ုန်းခနဲထရပ်လိုက်သည်.။

“ဘာလာလုပ်တာလဲ ခင်ဗျား ။ သတ်လိုက်တဲ့သူ သေမသေ အတည်လာပြုတာလား.”

အင်္ကျီကော်လံစကိုအဆွဲခံထားရပေမယ့် Krist မရုန်း ။ အသာတကြည်ပဲ ကြည့်နေလိုက်သည်.။

“ခင်ဗျားတို့ဖက်က သက်သေခိုင်လုံတာနဲ့ စခန်းမှာပဲပြီးသွားတယ်ဆိုပြီး သိပ်ပျော်မနေနဲ့.။ ခင်ဗျားပစ်လိုက်တာကို ကျွန်တော်လည်းမြင်တယ်ဆိုတာ ခင်ဗျားသိပါတယ်။ ကျွန်တော်သေချာပေါက် ခင်ဗျားကို ထောင်ထဲထည့်မှာ.။”

“အဲ့ဒါနဲ့ Arthit ကိုအော်ထုတ်လိုက်တယ်ပေါ့.”

“ဘာ--ခင်ဗျားညီကို အော်လွှတ်လိုက်တာလေးကိုလာပြောနေတာလား.။ ကျွန်တော့်က ညီအစ်ကိုတစ်ယောက်လုံးဆုံးရှုံးထားတာ.။”

“Arthit နဲ့ဘာမှမဆိုင်ဘူး.။”

Singto က သည်းမခံနိုင်တော့သည့်ပုံစံဖြင့် Krist ရင်ဘတ်ကိုတွန်းထုတ်ပစ်လိုက်သည်.။ ဒေါသတကြီးဖြစ်နေသည့် Singto နှင့် ခပ်အေးအေးသာကြည့်နေသော Krist တို့ကို တခြားလူတွေတော့ သတိမထားမိပါ.။ နေရာက နည်းနည်းထောင့်ကပ်နေသည်.။

ချစ်​ခြင်းကို​စေ.......💓Where stories live. Discover now