Part -19

3.9K 406 32
                                    

“Krist ဆုံးသွားတာဆိုတော့ တစ်ခုကောင်းပါတယ်.လေ။ကျန်ခဲ့တဲ့ Arthit က ဘာမှ မလုပ်တတ်ဘဲ.။ကိစ္စရေးရာတွေ စီမံရ ကောင်းသွားတယ်”

စာရင်းစာအုပ်စစ်နေရင်းနှင့်မှ Laven တစ်ချက်ခေါင်းထောင်ကြည့်သည်။ အေးအေးလူလူစီးကရက်ဖွာနေသော ဖခင်ဖြစ်သူက တစ်စုံတစ်ရာကိုတွေးလျက် ပြုံးနေသည်.။ခေါင်းငုံ့ကာ ပြန်စစ်နေရင်းမှ တစ်ချက်တွေးမိသွားကာ-

“Por. ကားအက်ဆီးဒင့်ကိစ္စက Por လုပ်တာတော့ မဟုတ်ပါဘူးနော်”

“အမ်- မဟုတ်ပါဘူး.”

“ပြီးတော့ ပတ္တမြားဘယက်ကိစ္စလည်း Laven မသိအောင် လုပ်ထားတာမျိုးတော့ -”

“Oh my daughter.. ဘာတွေပြောနေတာလဲ.por က သမီးမသိဘဲ မလုပ်ပါဘူး.”

သို့ပေမယ့် Laven သိပ်မယုံချင်.။Mr.Jor ၏ တချို့ကိစ္စတိုင်းကို Laven သိရသည်မဟုတ်.။ဖြစ်ပြီးသွားမှ လုပ်လိုက်တယ်ဆိုတာမျိုး..။ကိုယ့်ဖခင်မို့ပြောတာမဟုတ်…Mr.Jor သည် သွက်လက်တက်ကြွပြီး ခန့်မှန်းရခက်သည်.။ကုမ္ပဏီ ကလူတွေ Black Group ရှယ်ယာရှင်တွေ၏ အမြင်မှာ ဒီတိုင်း ဒါရိုက်တာတစ်ယောက်ပေမယ့် တခြားတရားမ၀င်လုပ်ငန်းတွေက ဒုနဲ့ဒေး..။

“Laven တစ်ခုပြောချင်တယ် Por.။ ဘာပဲဖြစ်ဖြစ် Arthit ကို မထိခိုက်ပါစေနဲ့.။Por ဘာသာ ပတ္တမြားဘယက်ပဲ လုလု.. သတင်းထောက်ကိုပဲသတ်သတ်…Laven လိုချင်တာ က Arthit မထိခိုက်စေဖို့ တစ်ခုတည်းပါ.။Por ဖြည့်ဆည်းပေးမယ်လို့မျှော်လင့်တယ်.”

“ရော်--ခက်ပါပြီကော--”

ထိုမျှသာ ဆိုလျက် Mr.Jor က စီးကရက်ဆက်ဖွာသည်.။ ပြတင်းပေါက်နားမှာမို့ သူ က ပြတင်းပေါက်က တဖွဲဖွဲကျနေသည့် မိုးပေါက်လေးများကို အကြောင်းမရှိကြည့်ကာ ကျေနပ်နေသည်.။ ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ krist မရှိတော့ဘူးဆိုသည့်အကြောင်းအရာ လောက် သူ့ကို စိတ်ချမ်းသာစေတာမ ရှိ.။
နောက်မှ Arthit ဆီ သတင်းမေးလေး ဘာလေးသွားပါဦးမယ်လေ…။

“မမလေး !”

“ဘယ်လိုဖြစ်လို့လောနေတာလဲ.”

“Arthit နဲ့ Singto ဆိုတဲ့လူ ဒီနေ့ပဲ တရားရုံးမှာ လက်မှတ်ထိုးလိုက်ပြီ..မမလေး..”

ချစ်​ခြင်းကို​စေ.......💓Where stories live. Discover now