Part -23

4.5K 479 104
                                    

“ဟာ Gun အဲ့လောက်မပြေးနဲ့လေ..ချော်လဲမယ်..”

“P’ မီအောင်ဖမ်းလေ..ဟိဟိ  သားကိုမီအောင်ဖမ်း.”

မဟူရာစံအိမ်၏ အနောက်ဘက် မြက်ခင်းပြင်ကျယ်တွင် Gun တစ်ယောက်ကတော့ အူမြူးပျော်ရွှင်စွာဖြင့် ပြေးလွှားနေသည်။ တူတူ အဖော်လုပ်ပေးနေပေမယ့် တကောက်ကောက်လိုက်နေ၇တော့ Arthit မှာ မောလှပြီဖြစ်၏။

“ကျောက်ခင်းလမ်းဘက်မတက်နဲ့နော်..ချော်လဲ--လဲ--”

အီးခနဲအော်ထွက်လာသောငိုသံကျယ်နှင့်အတူ မှောက်ရက်လဲသွားရှာသော Gun ကြောင့် Arthit မှာ ပြေးပြေးလွှားလွှားလုပ်ရပြန်သည်။

“အာ့ကြောင့်ပြောတာ မပြေးပါနဲ့ဆို..မှန်း---”

ဒူးထက်ဘောင်းဘီတိုလေး ၀တ်ထားသည်မို့ ပွန်းပဲ့သွားသည့် ဒူးခေါင်းလေးက အထင်းသား။ မျက်ရည်တွေပါ ဝေါခနဲကျလာသည်ကို ကြည့်ရင်းက Arthit စိတ်မကောင်းဖြစ်နေတာက တစ်ဖက်ရယ်ချင်သွားရသည်။

“ပျော်နေတာမလား..သား အနာဖြစ်တာပျော်နေတာမလား.P’ က အီး--- အကျင့်မကောင်းဘူး..                 ဘာလို့ရယ်နေတာလဲ..P’Off ကိုခေါ်ပေး..သူ့ကိုခေါ်ပေး..”

“ဟွန်း--ကောင်စုတ်လေး.. သူ့လူကြီးကျတော့သိတတ်ပ.။ကဲ--လာ--အိမ်ထဲမှာ                              ဆေးထည့်ပေးမယ်.မလိုက်လာရင် P’Off ကိုမခေါ်ပေးဘူးနော်..တိတ်တော့”

တိခနဲတိတ်သွားသည့်ရှိုက်သံကြောင့် Arthit အသံထွက်ရယ်မောမိလိုက်သည်.တကယ်ပဲ ကလေးတွေသည်ဖြူစင်လွန်းစွ..။ Arthit နောက်က ကုပ်ကုပ်လေးလိုက်လာသည့် သူ့ကို ဆိုဖာပေါ်ထိုင်စေလိုက်သည်။

“အို--ကလေး လေး ထိခိုက်လာတာပဲ.. အဒေါ်ကြီးပဲ ဆေးထည့်ပေးလိုက်မယ် သခင်လေး.”

“ရပါတယ်  ဆေးသေတ္တာ ယူလာခဲ့လိုက်ပါ. ကျွန်တော်ပဲလုပ်ပေးလိုက်မယ်.မဟုတ်ရင် ဂျီနေဦးမယ် ကောင်ဆိုးလေး.”

“ဟီး--မငိုဘူးနော်..P’Off ကိုခေါ်ပေးမှာမလား .”

“ဒါပေါ့..”

ဆေးသေတ္တာထဲက အရက်ပြန်နှင့် အရင် ဆေးကြောပေးလိုက်တော့တွန့်ခနဲဖြစ်သွားသည်။ Gun ကိုမော့ကြည့်လိုက်တော့ စပ်လို့ငိုချင်နေသည့်စိတ်လေးကို ထိန်းချူပ်ကာ ခေါင်းတခါခါလုပ်ပြသည်။

ချစ်​ခြင်းကို​စေ.......💓Where stories live. Discover now