Part-26

4.7K 440 48
                                    

"ဒါကြောင့် မစားပါနဲ့လို့ပြောတာပေါ့။ခုတော့ သွေးတွေထိုးကျကုန်ပြီ.."

Krist ၏ နဖူးထက်မှ ဆံစတို့ကိုပွတ်သပ်လျက် ဆိုလာသူကို အိပ်ရာပေါ်ကနေ မော့မော့လေးငေးနေမိသည်။ သူ တတကယ်ကို ပူပန်သွားတာ သိပ်ကိုသိသာလွန်းလှသည်။

"အင်း--နောက်မစားတော့ဘူး."

"တကယ်ရောသက်သာရဲ့လား.Arthit."

Off ကလည်းစိုးရိမ်မကင်းသည့်မျက်နှာဖြင့် ကြည့်နေသည်မို့ ခေါင်းညိတ်ပြလိုက်သည်။ တရေးနိုးထလာသော Gun မှာလည်း Krist ပြိုလဲကျသွားသည်နှင့် ကြုံကာ ဟစ်အော်ငိုကြွေးလျက် ယခု Krist ၏ ဘေးအိပ်ရာပေါ်တွင် ခွေထိုင်ကာ လက်တစ်ဖက်ကို လည်းဆုပ်ကိုင်ထားပေးသည်။

"ဒါဆို နားလိုက်တော့နော်.။ ဆေးလည်းသွင်းထားတော့အိပ်လိုက်ပါတော့. ။P' အိပ်မှ ကျွန်တော်အလုပ်ခန်းထဲသွားမှာ."

သူ ခေါင်းညိတ်ပြကာ မျက်လုံးတို့ကိုမှေးမှိတ်လိုက်သည်။ ခေါင်းက ဆံစတို့ကိုပွတ်သပ်ပေးခြင်းကို နှစ်ခြိုက်စွာ ခံယူရင်းသိပ်မကြာခင်ပင် အိပ်မောကျသွားတော့သည်။
အိပ်ပျော်သွားတာကို မြင်မှ Singto အခန်းထဲက ထွက်လာခဲ့လိုက်သည်။ ခုထိ အနားတွင်ထိုင်နေချင်သေးသော Gun ကိုပါ လက်ဆွဲလျက် ဖြည်းဖြည်းထွက်ရသည်။

"P'Off က သားအတွက် နွားနို့သွားဖျော်ပေးတယ်"

"အင်း--သောက်ပြီးရင် အိပ်ရမယ်နော်.."

Singto အလုပ်ခန်းထဲတောက်လျှောက်ဝင်လာသလို Gun ကပါလိုက်လာသည်။ Singto အလုပ်ခန်းတွင်လည်း ယခင်က Arthit ကန်ရေပြင်ဘေးတွင်ဆွဲထားသည့်ပန်းချီကားလေးက နေရာယူသည်။ ချစ်သူ့လက်ဆောင်မို့သူ့မှာ ဟိုဘက်အိမ်ကပြောင်းလာ ကတည်းက မှတ်မှတ်ရရယူလာခြင်းပင်။

"၀ါး--ပုံလေးတွေက လှလိုက်တာ.သားလည်းဆွဲတတ်ချင်တယ်."

"P'Arthit သင်ပေးမှာပေါ့..နောက်နေ့သူ့ကိုသင်ခိုင်းနော်."

"အမ်-- P'Arthit က မဆွဲတတ်ဘူးလေ."

Laptop အဖုံးကိုဖွင့်လိုက်ရင်း Gun ကို အသာလှည့်ပြုံးပြလိုက်သည်။

"ကောင်ဆိုးလေး..မေ့မယ့်မေ့တော့လည်း အားလုံးမေ့တော့တာပဲ.။သူက မင်းတို့သင်တန်းက ဆရာလေ။"

ချစ်​ခြင်းကို​စေ.......💓Where stories live. Discover now