Part-26

4.7K 440 48
                                    

"သင်တန်းကဘာကြီးတုန်း.။တကယ်ပြောတာ P'ရဲ့.။ဟိုနေ့က သား သင်ခိုင်းတော့ P'မှ မဆွဲတတ်တာ Gun ရဲ့တဲ့.။မယုံရင် မနက်ဖြန်မေးကြည့်လေ..နော်..သား မလိမ်ဘူး."

ကီးဘုတ်ပေါ်က လက်တို့သည် အနည်းငယ်တော့ တုံ့ဆိုင်းကုန်သည်။ ခေါင်းထဲ ၀င်လာသည့် မဟုတ်တရုတ်အတွေးတို့ကို ချက်ချင်းခါထုတ်ကာ အလုပ်ကိုရှေ့ဆက်လိုက်သည်။ Gun ကတော့ အခန်းဝတွင် P'Off လာခေါ်၍ လိုက်သွားလေပြီ.။ အဘယ်ကြောင့်များ စိတ်အတွေးတို့ကိုလာ နှောင့်ယှက်ကြပါလိမ့်.။
-
-
-
-
မနက်ခင်းဝေလီဝေလင်းချိန်တွင်ဖြစ်သည်။ မှိုင်းညှို့နေသည့်မြို့ပြင်သစ်ပင်တွေအုံ့ဆိုင်းကာ လူသူမသဲကွဲသည့် နေရာတွင် ချိန်းဆိုမှုများပြုလုပ်နေကြသည်။
အမှန်က ရှုခင်းသတင်းအတွက် အကူအညီတောင်း၍ မြို့ပြင်ပန်းခင်းတို့ဘက်လာရောက်ရိုက်ကူးပြီးပြန်မည့်အချိန်တွင် ယခုအဖြစ်အပျက်ကိုကြုံတွေ့ရခြင်းဖြစ်သည်။ Singto နှင့် တပည့်ကောင်လေးသည် ကင်မရာကို သေချာချိန်ထားကြသည်။ အဖွဲ့နှစ်ဖက်သည် အိတ်အမည်းကိုယ်စီဖြင့် လဲလှယ်နေကြသည်။ Singto က ကင်မ၇ာကိုအသံမထွက်စေဘဲ တဖျတ်ဖျတ်ရိုက်သည်။ဒီလိုနေရာတွင် သေချာပေါက်တရားမ၀င်မှုမျိုးပဲဖြစ်မည်။လှဲလှယ်ပြီးတော့ တစ်ဖွဲ့က အရင်ပြန်ထွက်သွား၏။ ကျန်တဲ့တစ်ဖွဲ့လည်း ထိုနေရာမှ လှည့်ပြန်ရန်ကြံစဉ်. အုပ်စုထဲမှ နှစ်ယောက်သုံးယောက်ခန့်သည် မြေပြင်ရုတ်တရက်လဲကျသွားကြသည်။ Singto ကင်မရာကိုစူးစိုက်ကြည့်မိတော့ ထုံဆေးအပ်ပါသည့် သေနတ်နှင့် ပစ်လိုက်ပုံ ရသည်။
သူတိုချူံကွယ်ကာကြည့်နေရင်းမှပင် တစ်ကိုယ်လုံးအနက်ရောင်ဝတ်ထားသည့် သူတစ်ယောက်သည် ခပ်အေးအေးထွက်လာသည်။ မျက်နှာတွင် လည်း အနက်ေ၇ာင်မျက်နှာဖုံးကိုတပ်ဆင်လျက်။

"မင်းတို့အုပ်စု နယ်စပ်မှာ ငါတို့ဘယက်ရောင်းဖို့ကြံနေတယ်ဆို.။မင်းတို့ဘယ်အဖွဲ့ကလဲ"

"မင်းက--ဘယ်သူ--- အနက်ေ၇ာင်ကျားသစ်"

အနက်ရောင်ဝတ်လူသားက လက်လေးလှုပ်ပြလိုက်သည်တွင် အားလုံး တုန်လှုပ်သွားကြသည်။သို့သော် သူတို့က လူအများမို့ မာန်တင်းလိုက်သည်။

ချစ်​ခြင်းကို​စေ.......💓Where stories live. Discover now