“အင်း--အိပ်မပျော်တော့လို့”

Gun ၏ဘေးတွင် ၀င်ထိုင်တော့ သူ့အလိုလိုက်မည့်သူ ဟုယူဆကာ Gun က ခေါင်းတဆတ်ဆတ်ညိတ်ချွဲတော့လေသည်။

“သား က အနီရောင်ရရင် ရပြီလား”

“ဟုတ်..အနီရောင်လေး..”

Arthit က ဖွဖွပြုံးပြကာ အသင့်ရှိနေသည့် ဆော့စ် အနီလေးကို Gun ၏ ခေါက်ဆွဲပေါ်တွင် နည်းနည်းလောင်းပေးလိုက်သည်။ ပြီးတော့ နှံ့စပ်အောင်မွှေပေးလိုက်တော့ခေါက်ဆွဲက အနီငွေ့ငွေ့သမ်း၏။ တလက်လက်တောက်ပလာသော Gun ၏ မျက်လုံးလေး များသည် အလိုဆန္ဒပြည့်ဝသွားဟန်ကို ဖော်ပြနေသည်.။ဤတော့မှ အားလုံးစိတ်ချမ်းသာသွားကာ Singto နှင့် Arthit လည်း ကောင်းကောင်းစားရတော့သည်။ စိတ်တိုင်းကျသွားလေသော Gun က ခပ်သွက်သွက်စားကာ ခြံထဲပြေးဆင်းသွား သည်။

“P’ Arthit နည်းနည်းထပ်စားပါဦး..။မနက်စာကလည်း ဒီလောက်ပဲလား”

“ငါ မစားနိုင်တော့လို့ပါ..ငါ--ငါတို့ အမြဲတမ်း မနက်စာ တူတူ စား--ခဲ့တာ--”

ပြောရင်းနှင့်ပင် မျက်ရည်ကပြိုက်ခနဲကျလာသည်။ Singto ထိုင်နေရာမှ ချက်ချင်းထကာ Arthit ကိုယ်လေးကို ငုံ့လျက်သိုင်းဖက်လိုက်သည်။

“မငိုပါနဲ့ P’ ရယ်.မငိုပါနဲ့--”

ချော့လိုက်ကာမှ အသံနည်းနည်းပိုထွက်လာကာ--ရှိုက်သံကျယ်လာသည်.။ တိုက်ဆိုင်လေတိုင်း ငိုနေမှာပဲဆိုတာ Singto နားလည်ပါသည်။

“Sing--ငါလေ တကယ်အရမ်းလွမ်းတယ်။ ဆုံးသွားတာ မယုံဘူး မဟုတ်ဘူးမလား ဟင်..”

“P’ရယ်..”

“သူ ဆုံးသွားတော့ပျော်လား..သူ့ကိုမုန်းတယ်ဆို.”

မျက်ဝန်းတို့နီရဲကာ မော့မေးလာသူကို ကြင်နာစွာငုံ့ကြည့်လျက်ပြုံးပြလိုက်သည်။

“P’ ဒီလောက်ခံစားနေရတာ သူ ဆုံးသွားတာ ကျွန်တော်က ပျော်ပ့ါမလား.။P’ ကို စိတ်ချမ်းသာစေချင်သူပါ ကျွန်တော်က..”

တသောသောကျနေသည့်မျက်ရည်တို့နှင့်အတူ Arthit သည် Singto ခါးကိုဖက်ကာ ရင်ခွင်ထက်မျက်နှာအပ်လိုက်သည်။ ကျေးဇူးတင်ပါတယ် ။ အစစအရာရာ နားလည်ပေးလို့.။ထစ်ခနဲ မျက်ရည်ကျလာသည်တိုင်းလည်း မညည်းမညူ ချော့မော့နှစ်သိမ့်ပေးတဲ့အတွက်လည်း အားနာရသည်။

ချစ်​ခြင်းကို​စေ.......💓Where stories live. Discover now