junလုံးက ဦးကျန်းကို ချစ်မချစ်မသိပေမယ့်
အတူနေတာ ကြာလာသည်နှင့်အမျှ
သံယောဇဉ်တော့ ရှိပါသည် ။
" အားး မသိတော့ဘူးဟာ "
စိတ်ညစ်လာတော့ ခေါင်းကဆံပင်တွေကို ဆွဲဖွပြီး
မှောက်အိပ်ပစ်လိုက်သည် ။
Baekhyuneeတို့ ပြောသလိုတွေ ခံစားဖူးလား
တစ်ခါမှ သတိမထားမိပါ
ပထမဆုံး တူတူစနေသည့် နေ့ထဲက သူစိမ်းမို့
အနေခက်ရတာမျိုးမရှိဘဲ လွတ်လပ်သည် ။
ဦးကျန်းအပေါ် ဆိုးချင်သလို ဆိုးလို့ရပြီး
လိုချင်တာမှန်သမျှလည်း ဖြည့်ဆည်းပေးသည် ။
ရင်ခုန်တာတွေ စိတ်လှုပ်ရှားတာတွေ ဖြစ်လားမဖြစ်လား မသိ
ဦးကျန်းနဲ့ တူတူရှိရင် အတောင်စုံလို့ လွတ်လပ်စွာ ပျံသန်းနေရသည့် ငှက်ကလေးလိုပင်
အတိုင်းအဆမရှိ ပျော်သည် ။
ဒါကြောင့်မို့လို့ နောက်လည်း ဦးကျန်းနဲ့တူတူ
အကြာကြီး နေသွားချင်သေးသည် ။
" မနက်ဖြန်ဆို ခရစ်စမတ် ရောက်တော့မယ် "
မျက်မှောင်ကြုတ်ပြီး မျက်နှာအောက်ချထားသည့်
junလုံးကို Seokလေးက တစ်ခြားဘာမှ မတွေးတော့အောင်လို့
စကားပြောင်းပေးသည် ။
" ဘာလုပ်ကြရင်ကောင်းမလဲ ခရစ်စမတ်မှာ "
" ဝိုင် ဝိုင်သောက်ရအောင် "
" ငါတို့အိမ်လာခဲ့ ငါ ဦးကျန်းကိုပြောလိုက်မယ် "
" ဟာ ရပါ့မလားကွ
ငါ မင်းဘဲကြီးကိုကြောက်တယ်နော် "
" ရပါတယ်ကွ
ဦးကျန်းက ငါနည်းနည်းလေး
လှုပ်လိုက်တာနဲ့ရတယ် "
ပြောမယ့်သာပြောတာ junလုံးရဲ့လူကြီးက
စိတ်သဘောထားကောင်းပြီး သူတို့အပေါ် ချစ်သည်မို့
စိတ်တော့ပူစရာ မရှိဟုထင်သည် ။
" အရသာရှိတာတွေလည်း ဝယ်ကျွေးခိုင်းရမယ် "
နောက်တစ်ရက်နေရင် ခရစ်စမတ်ရောက်တော့မည်
ဒီနှစ်က အိမ်ထောင်ကျပြီးပြီမို့ မိဘတွေအိမ်မှာထက်
ဦးကျန်းနဲ့ဘဲ အချိန်ကုန်ရမှာ ။
မာမားနဲ့ပါပါးတို့နဲ့ဆို တောင်းချင်တာ တောင်းလို့ရပေမယ့်
တစ်ခါတစ်လေ ဟန်ဆောင်တာတွေ ဘာတွေလုပ်ပြီး
မျက်ရည်လေးကျပြမှ ဖြည့်ဆည်းပေးတတ်တာ ။
💕 15 💕
Start from the beginning
