“ဟာ--ဒီညီအကို ဘာတွေ အလွမ်းသယ်နေတာလဲ.”

“ဦးငယ်--လာ--”

Mr.Chae ကိုမြင်တော့ Arthit က သွားရောက်ပွေ့ဖက်နှုတ်ဆက်လိုက်သည်.။ Mr.Chae က ပြန်လည်ဖက်တွယ်ထားရင်းနှင့်ပင် ထိုင်ခုံမှာထိုင်ဖြစ်ကြ၏။Mr.Chae က အသက်လေးဆယ်ခန့်လောက်ရှိပြီဖြစ်ပေမယ့် အရွယ်တင်နုဖတ်ကာ သုံးဆယ်အရွယ်လောက်ထင်ရသည်.။လူကောင်ကလည်းသိပ်မထွားသည်မို့ အားလုံးယှဉ်တွဲသွားလျှင် ညီအကိုတွေတောင် အထင်ခံရတတ်၏။

“Happy New year Party သွားစရာရှိတယ်နော် Krist.။အာ့ကြောင့်ဦးငယ်လာခေါ်တာ.။နှစ်ယောက်လုံးလိုက်ရမယ်.”

“ဟုတ်သားပဲ.။ ကျွန်တော်တောင် မေ့နေတာ.။Arthit အရင် အ၀တ်အစားသွားလဲနှင့်ုလိုက်တော့လေ.။ငါ ဦးငယ်နဲ့စကားနည်းနည်းပြောလိုက်ဦးမယ်.”

Arthit ခေါင်းညိတ်ပြကာ ထွက်သွားတော့မှ Krist က Mr.Chae ရှေ့က ခုံတွင် ၀င်ထိုင်သည်.။

“စုံစမ်းမိတာဘာရှိသေးလဲ ဦးငယ်.”

“ဟိုနေ့က မင်း ပြောသလို  အဲ့လမ်းနားက CCTV အကြောင်းပဲသိရသေးတာပဲ.။ ဒါပေမယ့် အဲ့ကိစ္စကို တစ်ဖက်က ဘယ်လိုသိသွားလဲ Krist.။ အဲ့ဒီသတင်းထောက်သေသွားတယ်ဆို.။သူက တစ်ဦးတည်းသော မျက်မြင်သက်သေကို”

“အင်း- ကိစ္စက အစပျောက်သွားတယ်.။ကြည့်ရတာ ကျန်ခဲ့တဲ့ သူ့ညီလေးက လည်းဘာမှတော့သိပုံမရဘူး.။ Arthit ပြောတာတော့ ကောင်လေးက ကလေးအသိဥာဏ်လေးလိုဖြစ်သွားတယ်တဲ့။”

“စိတ်မကောင်းစရာပဲကွာ-ငါ သံသယရှိနေတယ် ငါတို့ဆီမှာ သူလျှိုရှိနေတယ်လို့။Mr.Jor တို့ဖက်ကရောဖြစ်နိုင်လား.။သူတို့က အမြဲ ငါတို့နဲ့ဆန်ကျင်ဘက်။ပြီးတော့ အမြဲ ပိုင်နက်နယ်မြေတစ်ခုခုကို လုယူဖို့ ကြံစည်နေကြတာ.။”

“သတိထားရမှာပါ.။အားလုံးက သံသယ၀င်စရာတွေချည်းပဲ.။”

Arthit ပြန်ရောက်လာသည်နှင့် စကားစဖြတ်ကာ အပြင်ထွက်ဖို့ပြင်ကြသည်.။Krist ကတော့ အပြင်ကပြန်လာပြီးကတည်းက အ၀တ်မလဲထားသည်မို့ အပေါ်ကုတ်တစ်ထပ်သာ ကောက်စွပ်လိုက်သည်.။

“ကိုယ်ရံတော် Linn လည်းပါလာတာကိုး.။ အိမ်ထဲမ၀င်ပဲနဲ့.”

“ရပါတယ် ဒုဥက္ကဌ.။”

ချစ်​ခြင်းကို​စေ.......💓Where stories live. Discover now