“ရဲစခန်းမှာ Arthit ပြောတာတွေအမှန်ပဲ.။ ငါ အဲ့ညက အစောကြီးအိပ်ရာဝင်ခဲ့တာ.။ကားလည်းငါ့အိမ်ထဲမှာရှိနေတယ်။သူ အဲ့လိုပဲသိထားတာမို့ သူ ညာတာမဟုတ်ဘူး.။”

“သွားစမ်းပါ.။ အင်အားရှိလို့လုပ်နိုင်တုန်းလုပ်ထားပေါ့.။လူတစ်ယောက်လုံးတောင်သေနတ်နဲ့ပစ်ပြီး တောင်းပန်စကားဆိုဖို့တောင် မသိတဲ့ လူစိတ်မရှိတဲ့သူ။ ခင်ဗျားကိုလေ--ဘယ်လိုတောင် မုန်းမှန်းမသိဘူး.။ကြာရင် သတ်မိတော့မယ်..သွား--မျက်စိရှေ့က ထွက်သွားတော့-”

“ငါ့ကိုမုန်းရင် ငါ့အပေါ်မှာပဲ သက်ရောက်ပါစေ.။ Arthit ကို တော့ စိတ်ဒုက္ခမပေးနဲ့.”

လက်လွတ်စပယ်ပြန်ပြောလိုက်ချင်သော်လည်း မနေ့တနေ့က မျက်နှာငယ်လေးနှင့် Arthit ကိုပြန်မြင်မိတော့ ရင်ဘတ်ထဲ ဆွေးလျသွားသည်.။ လူချင်းဘယ်လောက်တူတူ မုန်းတာက တစ်ယောက်မဟုတ်လား.။

“ခင်ဗျား ပြောစရာမလိုဘူး.။ P’Arthit က ကျွန်တော့်ချစ်သူ.။သူ့ကိုလည်း ခင်ဗျားလောင်း၇ိပ်အောက်ကနေ ကျွန်တော်ဆွဲထုတ်မှာ.။”

“ကြိုးစားကြည့်ပေါ့.”

မည်သည့်ခံစားချက်မှ မရှိသည့် မျက်နှာဖြင့် ဆိုကာ တရွေ့ရွေ့ထွက်ခွာသွားသည့် ပိန်လျလျကျောပြင်ကို မုန်းတီးစွာ စိုက်ကြည့်နေလိုက်မိသည်.။
မုန်းလိုက်သည်များ ပြောစရာတောင်မရှိ.။နာကြည်းသည်ကလည်းပိုသည်.။ သို့ပေမယ့် ဒီရက်ပိုင်း Singto သေချာစဉ်းစားပြီးပါပြီ.။ မည်သို့ပင်ဖြစ်ဖြစ် တစ်သက် တစ်ခါသာချစ်ဖူးသည့် P’Arthit ကို သူ လုံးဝ လက်မလွှတ်နိုင်.။ ပြီးတော့ မြင်လိုက်တိုင်း P’Arthit က ကြောက်နေရသည့် ထိုသူနှင့်လည်း တူတူမထားချင်တော့.။အထူးသဖြင့် လူသတ်သမား နှင့်အတူ P’Arthit ကိုမထားနိုင်.။

“ရှာလိုက်ရတာ Singto ရာ.။ အားလုံးတော့ပြီးပြီ.။ Gun လေးကိုရော ဘယ်သူစောင့်နေလဲ.”

“သြော်- P’Nicky . Gun ကို အကိုတစ်ယောက်စောင့်ပေးနေပါတယ်.။”

မျက်ရည်တွေကို အလျင်စလိုသုတ်ရင်းပြန်ဖြေလိုက်တော့ P’Nicky ကသက်ပြင်းချသည်။ သူတို့ဘယ်လောက်တွယ်တာခဲ့ကြ သလဲ P’Nicky အသိဆုံး။ ခု Gun ကိုတော့ Gunရဲ့ချစ်သူဆိုကာ ပိုင်ပိုင်နိုင်နိုင်ပြောလာသည့် Off ဆိုသည့်သူက အချိန်တိုင်း လာစောင့်ပေးနေသည်.။ အမှန်တော့ မဟူရာအုပ်စုနှင့်ပတ်သက်သူမှန်သမျှ မဆက်နွယ်ချင်ပေမယ့် Gun အပေါ် စိတ်ရင်းနှင့်ပြု စုပေးတတ်သည့် Off ကြောင့် အရမ်းတော့ မပြောဖြစ်တော့.။

ချစ်​ခြင်းကို​စေ.......💓Where stories live. Discover now