Part-14(Season-2)

12.8K 710 7
                                    

Without You
Season-2, Part-14 (unicode)

ထိုနေ့ကတည်းကဆေးရုံက ချက်ချင်းဆင်းပြီး သူတို့နှစ်ယောက် ဘေးဘေးအိမ်သို့ အတူပြန်လာခဲ့ကြသည်။ ဘေးဘေးကို ဆေးရုံမှာတစ်ရက်နှစ်ရက်လောက်ထပ်နေဖို့ ပြောပေမဲ့ ကျန်တဲ့ အချိန်တွေကို ဆေးရုံမှာ မကုန်ဆုံးချင်ဘူးဟု ပြောတာကြောင့် သူစိတ်ထဲအတော်ထိခိုက်မိသွားသည်။

ညနေခင်းတစ်ခုရဲ့ ဆည်းဆာအချိန် ဘေးဘေးကို သူကတိပေးခဲ့တဲ့ ဘေးဘေးတို့အိမ်ရဲ့ ဝရံတာလေးမှာ နှစ်ယောက်အတူထိုင်ရင်း

"ဒီမှာကုလို့မရရင် နိုင်ငံခြားမှာဆို ပျောက်မှာပါ ဘေးဘေးရယ်"ဆိုတော့

ဘေးဘေးကသူ့ရင်ခွင်ထဲကိုမှီရင်း "ကိုသုပြောသလို ပျောက်သွားရင်တော့ကောင်းတာပေါ့ မတော်လို့များခွဲခန်းထဲမှာတင် ဘေးဘေး သတိပြန်မရလာတော့ရင် ကိုသုနဲ့အခုလို ကျန်နေတဲ့ အချိန်လေးတောင် အတူကုန်ဆုံးခွင့်ရှိလိုက်မှာမဟုတ်ဘူးလေ ဒါကြောင့်မို့ ဘေးဘေးဒီအတိုင်းလေးပဲ ကိုသုရင်ခွင်ထဲမှာ ကိုသု အနားမှာပဲနေပါရစေနော် မအောင်မြင်ဖို့များတဲ့ အခွင့်အရေးကို အမိအရဖမ်းဆုပ်ဖို့ကြိုးစားနေမဲ့အစား ကိုသုနဲ့ အခုလို တူတူရှိနေရတဲ့ဘဝက ဘေးဘေး အတွက်အပျော်ဆုံးပါပဲ"ဟုပြောလာ၍ သူဘေးဘေးကို ဖက်ထားရင်း မျက်ရည်များပင်ကျလာရသည်။

နှစ်ယောက်အတူရှိနေသည့်ရက်များသည် အလွန်ပျော်စရာကောင်းလှသည်။ ဒီလိုအခြေအနေမျိုးတွေသာ ကြုံခဲ့ရမည်ဆိုတာ ကြိုသိခဲ့ရလျှင် သူဒီလောက်အထိ ဘေးဘေးအပေါ်လုပ်ရက်ခဲ့မည်မဟုတ်ပါ။ အခုမှတော့ နောင်တရနေလည်း အလကားပါပဲ အခုထက်ပိုပြီးဂရုစိုက်ပေးဖို့ပဲ ပြငိဆင်ထားရတော့မှာပါပဲ။ တတ်နိုင်သမျှတော့ ဘေးဘေးရဲ့ နောက်ဆုံးအချိန်လေးကို အကောင်းဆုံးအမှတ်တရတွေဖြင့်သာ ကုန်ဆုံးသွားစေချင်သည်။

ဘေးဘေး ကျန်းမာရေး တစ်နေ့တစ်ခြား ပိုပိုဆိုးလာတာပိုသိပေမည့် သူသိသွားလျှင် စိတ်မကောင်းဖြစ်မည်ဆိုး၍ ဘေးဘေး အဆင်ပြေနေဟန်ဆောင်နေတာလည်းသိသည်။ ဒီရက်ပိုင်း နှစ်ယောက်အတူ ဟင်းချက်လိုက် အတူတူဂိမ်းကစားလိုက် အပြင်ကိုသွားလည်လိုက် ဘေးဘေးကို သူ့ရင်ခွင်ထဲမှာ ထားပြီး စာအုပ်ဖတ်ပြလိုက်ဖြင့် သူတို့နှစ်ယောက်ဘဝလေးက သာယာနေသည်။

Without YouWhere stories live. Discover now