Part-21

12K 861 1
                                    

Without You
Part-21(unicode)

စာမေးပွဲပြီးတာပင် တစ်ပါတ်ကျော်နေပြီ။ ကိုသု အိမ်လည်းမလာ ဖုန်းဆက်တော့လည်း အိမ်မှာမရှိ။ မေမေက အပြင်လည်းပေးမထွက်။ ခါတိုင်းနှစ်တွေဆို ကိုသုလာခေါ်ရင် အပြင်ထွက်ရသေးသည်။ အခုတော့ ပျင်းစရာကြီး။

စိတ်ဆိုးပြီး လာမခေါ်တာလား နဒီချိုနဲ့များလျှောက်လည်နေလို့လား။ဟူး...နဒီချို့အကြောင်းတွေးလိုက်တော့ စိတ်တွေပင်မွန်းကြပ်လာသလိုပဲ။ အပြင်ထွက်ဖို့ လမ်းစကလည်းရှာမရ။ တစ်နေ့ထက်တစ်နေ့ အိမ်မှာ စာအုပ်တွေနှင့် နှစ်ပါးသွားနေရတာကိုက အလုပ်တစ်လုပ်။

မဖြစ်တော့ဘူး အပြင်ထွက်ဖို့ လမ်းစရှာမှဖြစ်မယ် မဟုတ်ရင်ပျင်းစရာကြီး။ အောက်ထပ်ကိုဆင်းလာမိသည် မေမေ့ကို ခွင့်တောင်းပြီး အပြင်ထွက်မည်ပေါ့။ မေမေတို့ ဘာလို့ ဒီလောက်ထိ ဂရုစိုက်နေ ချုပ်ချယ်နေသလဲဆိုတာ ကိုယ်အသိဆုံးမို့ မိဘတွေရဲ့ စေတနာကို အပြစ်မတင်ရက်ပါ။

ဘေးဘေးက ငယ်စဉ်ကတည်းက ကျန်းမာရေးချူချာသည်လေ တစ်ခုခုဆို အခုထိ အိမ်ကလူတွေ ပျာပျာသလဲဖြစ်နေရတုန်း။ ထို့ကြောင့် စိတ်ချရတဲ့သူပါမှသာ မေမေက အပြင်ကိုထွက်စေတာပါ။

အောက်ထပ်ကိုရောက်တော့ "ဟားးမွှေးလိုက်တာ"ဟုပင်ရေရွတ်မိသည်အထိ။ အနောက်ကနေ မေမေ့ကို သိုင်းဖက်ရင်း

"မေမေ့ ဘာတွေချက်နေတာလဲ"ဆိုတော့

"ဒီအနံ့ရတာတောင် မသိဘူးလား သားကြိုက်တဲ့ အုန်းနို့ခေါက်ဆွဲလေ "

"ဟားး ပွတာပဲ ကျက်ပြီလားမေမေ ဘေးဘေးဗိုက်ဆာနေပြီ"ဆိုပြီး ဗိုက်ကလေးကို ပွတ်ပြီးပြောတော့ မေမေက ဘေးဘေးကိုကြည့်ပြီးရယ်သည်။

"ကျက်ပြီ စားပွဲမှာထိုင်စောင့်နေ မေမေထည့်ပြီး လာပို့မယ်"

စားပွဲမှာထိုင်ပြီး ခဏနေတော့ မေမေက ပန်းကန်ထဲထည့်ပြီးလာချပေးသည်။ အုန်းနို့ခေါက်ဆွဲစားနေတုန်း "ဟော်တော် ဒုက္ခပါပဲ"

"မေမေ့ ဘာဖြစ်လို့လဲ"

"ဦးမြက သားအဖေနဲ့ အပြင်သွားတယ်လေ သားသု တို့အိမ် သွားပို့မဲ့သူမရှိဘူးဖြစ်နေတာ"

Without YouWhere stories live. Discover now