Part-2(Season-2)

12.4K 857 100
                                    

Without You
Season-2 Part-2 (unicode)

"ဘေးဘေး ငါတ်ု့ိ လမ်းခွဲကြရအောင်"

မထင်မှတ်ထားသည့်စကားမို့ ဘာပြန်ပြောရမှန်းမသိဖြစ်နေမိသည်။ ကိုသုလည်း တော်တော် စိတ်ရှုပ်နေဟန်တူသည်။ ဘာလို့ ဒီစကားတွေ ပြောမှန်းမသိပေမဲ့ ဒီကိစ္စကတော့ တော်ယုံကိစ္စမဟုတ်တာ သေချာသည်။

"ကိုသု အဲ့လိုကြီးမစပါနဲ့လား "ဆိုပြီး အရဲစွံ့ပြီးပြောမိပေမဲ့

"ငါစနေတာမဟုတ်ဘူးဘေးဘေး အတည်ပြောနေတာ"

ဘယ်ဘက်ရင်ဘတ်မှ တဆစ်ဆစ်နဲ့နာလာပြီး အသက်ရှုမဝဖြစ်နေပေမဲ့ ခံစားနေရသည့် နာကျင်မှုကို မသိသလို ဟန်ဆောင်ရင်း ဘာလို့လဲဆိုသည့် စကားတစ်ခွန်းကိုသာမေးမိသည်။

"ငါနဲ့မင်းအကြားမှာ အချစ်တွေက အေးခဲနေပြီထင်တယ် ပြီးတော့ ငါလည်း မိသားစုဘဝလေး လိုချင်တယ်ကွာ၊ အလုပ်ပြီးလို့ အိမ်ပြန်လာရင် ပြေးကြိုမဲ့ သားသားဖြစ်ဖြစ် မီးမီးဖြစ်ဖြစ် မြင်ချင်မိတာပဲ "

အဲ့ဒီစကားတွေကို ဆက်မခံစားနိုင်လို့ တော်တော့ ကိုသု ဆိုပြီးသာ အော်မိသည်။ ဒီရက်ပိုင်းတွေ ကိုသု ပုံမှန်မဟုတ်တာတွေသတိထားမိပေမဲ့ ဒီလောက်ထိ ဆိုးမယ်လို့ မထင်ထားမိတာအမှန်ပါ။

မျက်ရည်ကျချင်နေပေမဲ့ မာနကြောင့် တင်းထားမိပြီး "ဘာလဲ ကိုသုက အသစ်တွေ့နေတာလား " စကားတစ်ခွန်းသာ ထပ်မေးမိသည်။

"မဟုတ်ပါဘူးကွာ ဘာလို့ အသစ်တွေ့ရမှာလဲ၊ မင်းအဓိပ္ပာယ်မရှိတာတွေပြောပြန်ပြီ"ဆိုပြီး ရှက်ရမ်းရမ်းလေသည်။

"အဓိပ္ပာယ် မရှိတာတွေ ပြောနေတာက ဘေးဘေးမဟုတ်ဘူး ကိုသု အဲ့တာရော ကိုယ့်ကိုကိုယ် သတိထားမိလား။ ဘေးဘေး ကိုသုနောက်လိုက်ဖို့ မိသားစုတောင် ရင်းခဲ့ရတယ် မေမေတို့ စိတ်ဆိုးတဲ့ဒဏ်က အခုထိမပြေသေးဘူး။ ဒါတွေရော ကိုသု သိလား ငါ့ခံစားချက်တွေကို နားလည်ရင် အဲ့လိုကြီးတော့ မပြောသင့်ပါဘူး ကိုသုရာ။ ကိုသုမရှိရင် ဘယ်သူ့အားကိုးရမှာလဲ"

"ငါတို့ လမ်းခွဲခဲ့ရင်တောင် ငါမင်းအတွက် ငါပိုင်ဆိုင်တာတွေ တစ်ဝက်ခွဲပေးခဲ့မှာပါ မင်းနောင်ရေး စိတ်ပူစရာမလိုတော့တာပေါ့"

Without YouWhere stories live. Discover now