Without You
Season2 , Part-4(unicode)လမ်းခွဲဖို့ကိစ္စကိုပြောပြီးကတည်းက ကိုသု အခြေအနေတွေက ပုံမှန်မဟုတ်တာတော့သေချာသည်။ အိမ်ကိုလည်း ညနက်မှပြန်လာသလို ထမင်းလည်း အိမ်မှာမစားဘူး။ ညညဆိုလည်း ဝရံတာမှာ ဖုန်းပြောနေတာခဏခဏပဲ။
ဘယ်သူနဲ့ပြောနေတာလဲမေးမိတော့ အလုပ်ကိစ္စတဲ့။အလုပ်ကိစ္စက ညတိုင်းပြောစရာလိုလို့လား လမ်းခွဲဖို့ပြောတာ ငါ့ကွယ်ရာမှာ အသစ်တွေ့နေတာလား မေးမိပြန်တော့လည်း မဟုတ်ဘူးပဲ ဖြေသည်။ ကိုယ်နှင့် လမ်းခွဲပြီးမှ တစ်ခြားတစ်ယောက်နဲ့ တွဲလည်းကြည်ဖြူမိမှာပါ။ ဒါပေမဲ့ ကိုသုသာ ဖောက်ပြန်ခဲ့ရင်တော့...
အိပ်ယာပေါ်မှာပဲ လူးလိမ့်ပြီးတွေးနေမိသည်။ နေ့လည်စာ ချက်ပြုတ်ပြီးပြီမို့ လုပ်စရာမရှိတော့တာကြောင့် အိပ်ယာပေါ်ပဲ ခဏနားနေမိတာပါ။
ထိုစဉ် တံခါးခေါက်သံကြား၍ ထဖွင့်ပေးလိုက်တော့ အိမ်အကူအဒေါ်ကြီး ပါလား။
"ဘေးဘေးရေ ဧည့်သည်ရောက်နေလို့ လာခေါ်တာ"
"ဘယ်သူလဲ အဒေါ်"
"မသိဘူး ဘေးဘေးကို ခေါ်ပေးပါဆိုလို့ လာခေါ်တာ ကောင်မလေးတစ်ယောက်ပဲ"
"ဟုတ်ဒါဆို လာခဲ့လိုက်မယ် ဧည့်သည်သောက်ဖို့ တစ်ခုခုစီစဉ်ပေးပါဦး" ပြောလည်းပြော ဧည့်ခန်းဆီကို ထွက်လာမိသည်။
ဧည့်ခန်းရောက်တော့ ကောင်မလေးတစ်ယောက်ထိုင်နေတာတွေ့လိုက်ရသည်။ တော်တော်လှတဲ့ကောင်မလေးပဲ အသက်လည်း ငယ်မည်ထင်သည်။ နေပါဦး ငါသူ့ကိုမသိပါလားဟု စိတ်ထဲမှတွေးမိသည်။ ကိုသု ဧည့်သည်များလား ကိုသု ဧည့်သည်ဆိုရင်တော့ ငါ့ကို သိနေတာလားဟု တွေးနေခိုက်
"ပုံစံကြည့်ရတာ ရှင်က ဘေးဘေး ထင်တယ်"ဆိုပြီး ကောင်မလေးက ထနှုတ်ဆက်သည်။
"ဟုတ်တယ် မင်းက..."
"ကျွန်မက သွဲ့နှင်းစိုစို... အကုန်လုံးကတော့ စ်ိုလို့ပဲခေါ်ကြတယ်"
"ဟုတ်ပါပြီ စိုဆိုတော့လည်းစိုပေါ့ မင်းကငါ့ကို သိလို့လား ငါ့အသိတွေထဲမှာ မင်းအရွယ်ကလေးမလေးတွေ မပါဘူးထင်တယ်။ နောက်ပြီး မင်းကိုလည်း ငါတစ်ခါမှမမြင်ဖူးဘူးနဲ့တူတယ်"
YOU ARE READING
Without You
Romanceကောင်လေးနှစ်ယောက်ကြားမှာ ငယ်ငယ်လေးကတည်းက အနိုင်ယူလာမှုတွေက တစ်နေ့ သဝန်တိုခြင်းတွေနဲ့အတူ အချစ်အဖြစ်သို့ပြောင်းလဲသွားသောအခါ သုတကျော်ဆိုတဲ့ ခပ်ဆိုးဆိုးကောင်လေးရယ် မြတ်သုတညီဆိုတဲ့ကောင်လေးရယ်...သူတို့ဘာတွေဆက်ဖြစ်မှာပါလိမ့် ပေါ့ပေါ့ပါးပါး အချစ်fancyလေးပါပဲ