Part-11(Season-2)

12K 779 12
                                    

Without You
Season-2,Part-11 (unicode)

စိုနှင့်သူ လက်ထပ်ပြီးကတည်းက စိုက ခရီးထွက်ဖို့ပဲပြောနေသည်မို့ သူအတော်စိတ်ညစ်ရသည်။ ပြီးတော့ တစ်ခြားနေရာလည်းမဟုတ် ပြင်ဦးလွင်ဆိုတော့ တော်တော် စိတ်ညစ်ရသည်။

ပြင်ဦးလွင်မှာ သူနှင့်ဘေးဘေးတို့ အမှတ်တရတွေ အများကြီးဟု ပြောရလောက်သည်အထိ သူတို့နှလုံးသား ထောင့်တစ်နေရာမှာ ကမ္မည်းထိုးရလောက်သည်အထိ လေးနက်သည့်မြို့။ အဲ့သည်မြို့ကို အခု ဟန်းနီးမွန်း အနေနှင့် ခရီးထွက်လာခဲ့တာကို ဘေးဘေးသိလျှင် တော်တော် စိတ်မကောင်းဖြစ်မိမှာ အသေအချာပဲ။ သူလည်း စိတ်လုံမည်မဟုတ်။

ဒါပေမဲ့ စိုက လိုက်မပို့မခြင်း ပြဿနာရှာသည်။ သည်မိန်းကလေး ဒီလောက်ထိ ပြဿနာရှာတတ်မှန်းသိလျှင် သူလက်တွဲဖို့စဉ်းစားခဲ့မည်မဟုတ်။ သူ့အပေါင်းအသင်းတွေ မိတ်ဆွေတွေသာ မြှောက်မပေးခဲ့လျှင် သူလည်း မြှောက်ပေးတိုင်းစိတ်မယိုင်မလျှင် သူနှင့်ဘေးဘေး အိမ်ထောင်ရေးက သာယာနေမှာ အမှန်ပါပဲ။

လူတစ်ယောက်တန်ဖိုးကို ရှိနေစဉ်က မသိရပဲ ဆုံးရှုံးလိုက်ရမှ သိလိုက်ရသည်ဆိုတဲ့ စကားက တော်တော်မှန်တာပဲ။ သူဘေးဘေးနှင့် ရှိနေစဉ်တုန်းက တော်တော်စိတ်ချမ်းသာခဲ့ရသည်။ ဘေးဘေးက သူ့ကို အလိုလိုက်သည်။ စိတ်ချမ်းသာအောင်ထားသည် အမြဲအရိပ်တကြည်ကြည့်ဂရုစိုက်တာမို့ သူ့မှာ လိုအပ်ချက်မရှိ မပင်ပန်းပဲ အလုပ်ကိုလုပ်နိုင်သည်။

စိုနှင့်သူ အိမ်ထောင်ကျတာ အခုမှ တစ်ပတ်ပဲရှိသေးသည်။ သူ့ကိုတော်တော်စိတ်အနှောင့်အယှက်ဖြစ်စေသည်။ မနက်ရုံးသွားဖို့ သူ့ဘာသူ ပြင်ဆင်ရသည်။ အဝတ်အစားလည်း ထထုတ်မပေး မနက်စာပြင်ပေးဖို့ဆို ဝေးဆွ။ နေ့လည်စာဆို သူရုံးမှာပဲ ဖြစ်သလိုစားရသည်။ ခါတိုင်း အိမ်အကူအဒေါ်ကြီး ရှိပေမဲ့ ဘေးဘေးလူဟု စွပ်စွဲပြီး အလုပ်ထုတ်ပစ်လိုက်တာမို့ သူ့မှာ ဒုက္ခရောက်ရသည်။

မနက်စာမစားပဲ ရုံးရောက်ရသည့် ရက်တွေများသလို ပြန်ရောက်လျှင်လည်း အမောပြေဖို့ဝေးစွ ကြိုမဲ့သူမရှိသော အိမ်မှာယောင်ချာချာဖြစ်နေသည်။ စို ဘာလုပ်တတ်သနည်းဟု မေးခွန်းထုတ်မည်ဆိုလျှင် မနက်အိပ်ယာနိုးသည်နှင့်အလှပြင် ပြီးလျှင် ရုံးအထိလိုက်လာပြီး သူ့ဆီက ပိုက်ဆံတောင်းမည်။ ထို့နောက် သူငယ်ချင်းတွေနှင့် shopping ထွက်လျှင်ထွက် မထွက်လျှင် တစ်နေ့တစ်နေ့ ဘယ်လို သုံးရမလဲ စဉ်းစားနေတော့သည်သာ။

အဖေဖြစ်သူက အလိုလိုက်ထားသည့် သမီးမို့ သူများနှင့်မတူ စိုက ဆိုးလှသည်။ စို အရမ်းဆိုးသည်ကို ကြုံရတိုင်း သူ့အပေါ် အမြဲ အလျှော့ပေးနားလည်တတ်သည့် ဘေးဘေးကို သူပိုလွမ်းလှသည်။ ပိုသတိရမိသလို သူသာ ရူးကြောင်ကြောင် မတွေးခဲ့မိလျှင် သူမိသားစု ဘဝလေးမရရင်နေပါ ဘေးဘေးနှင့်သူ အခုထိ သာယာသော ဘဝလေး ဖြစ်နေမှာ အသေအချာပါပဲ။

Without YouWhere stories live. Discover now