Without You
Season-2,Part-9 (unicode)ဒီနေ့က သူနှင့်စိုတို့လက်မှတ်ထိုး လက်ထပ်ခဲ့သည်နေ့။ စို အစွမ်းကုန်လှနေပါသော်လည်း သူမပျော်ခဲ့ပါ။ လက်ထပ်စာချုပ်ကလေးကို မြင်တော့ သူနှင့်ဘေးဘေး တရားမဝင်ပေမဲ့ အသိသက်သေတွေနှင့်ထိုးခဲ့ကြသည့်စာချုပ်ကလေးကို သွားသတိရမိသည်။
လက်ထပ်စာချုပ်လေးကို ကိုင်ရင်း "ဒီနေ့ကစပြီး ငါ့ကိုနင်ပိုင်သွားပြီနော်ကိုသု"ဆိုပြီး ဘေးဘေးပြောတော့ သူမေးခဲ့ဖူးသည်
"ဘာလို့ ငါ့ကို မင်းပိုင်သွားပြီလို့ မပြောတာလဲ"ဆိုတော့
"ငါ ငယ်ငယ်လေးကတည်းက နင့်အလိုဆန္ဒတွေ ဖြည့်ဆည်းပေးရင်းနေခဲ့ရတဲ့သူပါ အမြဲတမ်းလည်း နင့်ဆန္ဒတွေ ဖြည့်ဆည်းပေးရင်းနဲ့ပဲ နေမှာပါ"
"ငါ့ဆန္ဒတွေကိုသာ ဖြည့်ပေးနေမယ်ဆိုရင် မင်းအတွက်ပျော်ရွှင်မှုမရှိရင် ဘယ်လိုလုပ်မလဲ"
"ငါ့အတွက်ပျော်ရွှင်မှုက နင်ပျော်ရွှင်တာပါပဲ နင်ကျေနပ်နေရင် ငါပျော်တယ် ဘာမှ မတွေးဘူး "ဆိုပြီး ချစ်စရာကောင်းစွာ ပြောလာသည်။
ဘေးဘေးရယ်ဆိုပြီး သူရင်ခွင်ထဲ ထည့်ထားမိတာလေးကိုသတိရမိသည်။ အခုမှတော့ နောက်ပြန်လှည့်လို့မရတော့ဘူးကွာ ငါဘယ်လိုလုပ်ရမလဲ မင်းမရှိတဲ့နေရာတစ်ခုမှာ ငါဘယ်လို ပျော်ရွှင်မှုကိုရှာရမလဲ"
လက်ထပ်ပွဲလေးပြီးသွားတော့ စိုက ဟန်းနီးမွန်းထွက်ချင်သည်တဲ့ ဘေးဘေးတုန်းကတောင် ဟန်းနီးမွန်း လိုက်မပို့ခဲ့မိတာမို့ မထွက်ချင်ဘူးဟုသူပြောမိသည်။
ဒါကိုစိုက လက်မခံ မရမက သွားချင်သည်လုပ်နေ၍ လိုက်ပို့ပေးမည်ပြောလိုက်ရသည်။ သွားချင်တဲ့နေရာက တိုက်တိုက်ဆိုင်ဆိုင်မေမြို့တဲ့လား မင်းငါ့အပေါ် တမင်ရည်ရွယ်ချက်နဲ့များ လုပ်နေသလားစို။
***************************************
မောင်သုတကျော်နှင့် မသွဲ့နှင်းစိုတို့သည် နှစ်ဦးသဘောသူလက်ထပ်ပြီးစီးကြောင်း ဆိုသည့် သတင်းတစ်ပုဒ်ကို ဖတ်နေသည့် သတင်းစာတွင် တွေ့လိုက်ရသောအခါ ရုတ်ရတ် သတင်းစာပင် လွတ်ကျသွားမိသည်။ မျက်ရည်က ထိန်းမထားနိုင်ပဲ တဖြည်းဖြည်းချင်းစီးကျလာသည်။
आप पढ़ रहे हैं
Without You
रोमांसကောင်လေးနှစ်ယောက်ကြားမှာ ငယ်ငယ်လေးကတည်းက အနိုင်ယူလာမှုတွေက တစ်နေ့ သဝန်တိုခြင်းတွေနဲ့အတူ အချစ်အဖြစ်သို့ပြောင်းလဲသွားသောအခါ သုတကျော်ဆိုတဲ့ ခပ်ဆိုးဆိုးကောင်လေးရယ် မြတ်သုတညီဆိုတဲ့ကောင်လေးရယ်...သူတို့ဘာတွေဆက်ဖြစ်မှာပါလိမ့် ပေါ့ပေါ့ပါးပါး အချစ်fancyလေးပါပဲ