Part-19

12.7K 849 2
                                    

Without You
Part-19 (unicode)

ကန်တော်ကြီးကိုရောက်တော့ လက်မှတ်ဖြတ်ပြီး အထဲသို့ ကားဖြင့်ဝင်လာကြသည်။ အထဲသို့ ရောက်သောအခါ ကားရပ်ပြီး ကားနောက်ဖုံးထဲမှအထုပ်တွေချနေသောကြောင့် ဘာအထုပ်တွေလဲဟုမေးလျှင် ကိုမြတ်က

"ဖျာလိပ်တွေရယ် နေ့လည်စာရယ် မုန့်တွေ သစ်သီးတွေ ဖျော်ရည်တွေ ဘေးဘေး။ ညကတည်းက အိမ်က ကိုမြတ်အစ်မကြီးကို ပြင်ခိုင်းထားတာ"ဆိုတော့

"ဝယ်စားလည်းရတာပဲ ကိုမြတ်ကလည်း အပင်ပန်းခံလို့ ဒါနဲ့ ကိုမြတ်က အစ်မတွေရှိသေးတာလား"

"ရှိတယ်လေ မောင်နှမသုံးယောက်ကိုယ်က အငယ်ဆုံး အမလတ်ကတော့ ရန်ကုန်ဆေး(၁)မှာ တတ်နေလို့ မေမြို့ထိပါမလာခဲ့တာ။ အမကြီးကတော့ ကျောင်းပြီးသွားပြီ။ အမနှစ်ယောက် မွေးပြီးတော်တော်ကြာမှ ကိုယ့်ကိုမွေးတာဆိုတော့ ကိုယ်က အမတွေအပေါ်သိပ်ဆိုးတာ"ဟု ပြောလေသည်။

"ဒါဆိုဘေးဘေးနဲ့တူတူပဲပေါ့ ဘေးဘေးလည်းအမနှစ်ယောက်ပဲကိုမြတ်... အမကြီးကတော့ မန္တလေးမှာ အိမ်ထောင်ကျနေပြီ။ အမလတ်ကတော့ စာအရမ်းတော်လို့ မေမေတို့က ရန်ကုန်က ဦးလေးတို့ဆီမှာ ၈တန်းကတည်းက ဘော်ဒါထားတာ။အခု ကိုမြတ်အမလိုပဲ ရန်ကုန်ဆေးတက္ကသိုလ်မှာပဲ။ အမကတော့ ပြန်လာတုန်းက ပြောပြဖူးတယ် ဆေး(၁)လား ဆေး(၂)လားဘေးဘေးက သေချာမသိတာ"

"ဘယ်လောက်တောင် တိုက်ဆိုင်လဲနော်။ ဘေးဘေး နင်နဲ့ ကိုမြတ်က တူတာတွေ သိပ်များတာပဲ"ဆိုပြီး ကလျာက ပြောလျှင် ကိုသုက "ဒီလောက်လေးတူတာကို ဘာတူတာများတာလဲ စကားတွေ များမနေနဲ့ သွားမယ်"ဆိုပြီး ရှေ့မှထွက်သွားလေသည်။

သက်က ကိုသုကိုကြည့်ပြီး "အဲ့ကောင်များနေပြီ ငါဘယ်နေ့ထပြောမိမလဲမသိဘူး အမြဲတမ်းဘုကလန့်"ဆိုပြီးပြောပေမဲ့ ဘေးဘေးကတာ့ ကိုသုကို နားလည်ပါသည်။

သူက တစ်ဦးတည်းသောသားဆိုတော့ ငယ်ငယ်လေးကတည်းက အိမ်က အမတွေကို သူ့အမလို ချစ်ခင်ရှာသလို သူ့အမေနဲ့ အဖေကိုလည်း ဘာလို့ ဘေးဘေးလို အမတွေ မွေးမထားလဲဆိုပြီး ရန်လုပ်တတ်သူမို့ သူ့မှာ အနိုင်ကျင့်စရာ ကိုယ်ပဲ ရှိတာမလား ဒါကြောင့်မို့ အမြဲတမ်းသည်းခံနေရတာပါ။

Without YouWhere stories live. Discover now