Part-10 (Season-2)

Start bij het begin
                                    

ကလျာကလည်း "ဘယ်လိုတွေဖြစ်ကုန်တာလည်း ငါလည်း နားမလည်နိုင်တော့ဘူး ကိုသု အဲ့ကောင် "ဆ်ိုပြီး ပြောနေတုန်းရှိသေးသည် သက်က ကလျာ့လက်ကို လှမ်းကုတ်ပြီး မပြောနဲ့ ဆိုပြီး မျက်နှာရိပ်မျက်နှာကဲ လှမ်းပြသည်။

ထိုစဉ် "ဘေးဘေးသတိရလာပြီကြားလို့ ကိုယ်ဒီဘက်ကို ကူးလာခဲ့တာ"ဆိုသည့် အသံကို ကြားလိုက်ရ၍ ကြည့်လိုက်မိတော့ ဂျူတီကုတ် အဖြူလေးနဲ့ ဆရာဝန်ချောချောခန့်ခန့်တစ်ယောက်ပါလား။

နေပါဦး ဒီဆရာဝန့်မျက်နှာ ငါမြင်ဖူးပါတယ် ဆိုပြီး မျက်မှောင်ကျုံ့ စဉ်းစားနေတုန်း

"ဟော ဘေးဘေး ကိုယ့်ကို မမှတ်မိပါလား ဒါဆို ကိုယ် တကယ် စိတ်ဆိုးမိတော့မယ်ထင်တယ်"ဆိုပြီးရယ်ရယ်မောမောနှင့် စတော့မှ သူ့ငယ်ရုပ်ကို ပြန်ဖမ်းမိတော့သည်။

"ကိုမြတ်လား "ဆိုပြီး မေးတော့မှ

"ဟုတ်ပါ့ဗျာ ကိုမြတ်ပါတဲ့ ခင်ဗျာ"ဆိုပြီး သက်တို့နှင့်မျက်နှာချင်းဆိုင် ဘေးဘေး ကုတင်ဘေးမှာလာထိုင်လေသည်။

ဆေးရုံတတ်နေတဲ့အချိန် ကိုယ်သိခဲ့ဖူးတဲ့ သူငယ်ချင်းက ဆရာဝန်ဆိုတော့ ပိုအားတတ်သွားမိတာအမှန်ပါ။ကိုမြတ်နှင့်မတွေ့ရတာ အဆက်အသွယ်ပြတ်နေတာကြာပြီဆိုတော့ ဝမ်းသာသွားမိတာလည်းပါသည်။

သက်တို့ကို "ကိုမြတ်လေ ငါတို့ကိုးတန်းနှစ်က ပြောင်းလာတဲ့ ရန်ကုန်သား"ဆိုတော့

"ငါတို့က မှတ်မိလို့ ခုဏ ကတည်းကတောင် နှုတ်ဆက်ပြီးပြီ"ဟု ပြန်ပြောလေသည်။

"ဒါဖြင့် ကိုမြတ်ကဆယ်တန်းပြီးတော့ ဆေးကျောင်းတတ်ခဲ့တာပေါ့ "ဆိုတော့ ပြုံးပြီးခေါင်းငြိမ့်ပြသည်။

"ဘေးဘေးလည်းဟိုး ငယ်ငယ်တုန်းက မလတ်က ဆေးကျောင်းတတ်တာမြင်ပြီးဆရာဝန်ဖြစ်ချင်ခဲ့တာ ဖြစ်မလာဘူး"ဆိုပြီး ရယ်ပြီးပြောလျှင်

ကိုမြတ်က "ဆရာဝန်မဖြစ်ချင်ပါနဲ့ ဘေးဘေးရယ် ဘေးဘေးအမ မပြောဘူးလား အရမ်းစာကျက်ရတယ် ကိုမြတ်တောင် စာတွေကျက်ရလွန်းလို့ ရူးပြီထင်နေတာ အခုထိ ကျက်နေရတုန်းပဲ"ဟု ပြန်ဖြေလေသည်။

Without YouWaar verhalen tot leven komen. Ontdek het nu