Part-1 (Season-2)

Start from the beginning
                                    

သက်နှင့်ကလျာတို့ကတော့ cyber city တတ်ကြသည် အိမ်နှင့်လည်း နီးသည်လေ။ ဘေးဘေးလည်း cyber cityတတ်ချင်ပေမဲ့ ကိုသုက ခဏခဏ လာမကြည့်နိုင် စိတ်မချဟုဆိုတာ တက္ကသိုလ်လျှောက်လွှာကအစ သူကိုယ်တိုင်ဖြည့်ပြီး တင်ခဲ့တာပါပဲ။ သူ့အကြောင်းပြချက်ကတော့ နှစ်ယောက်အတူ အမြန်ဆုံး နေနိုင်ဖို့တဲ့။

အဲ့ဒီနေ့ကို စိတ်ထဲမှာ အမြဲ မှတ်မှတ်ရရ ရှိနေခဲ့သည်။ နှစ်ဖက်မိသားစု နှစ်စု မခေါ်နိုင်မပြောနိုင်ဖြစ်ခဲ့သည့်နေ့။ ဘွဲ့တွေလည်းရပြီမို့ ဘေးဘေးက ဘာအလုပ်မှမရှိပေမဲ့ ကိုသုက ကားတောင် သူ့လုပ်ငန်းက ငွေဖြင့် ဝယ်နိုင်သည့် အနေအထားမို့ သမီးရှင်တွေက မျက်စိကြကြသည်။

ထိုနေ့က နှစ်ဖက်မိဘတွေက ကိုသု အိမ်ထောင်ရေးအကြောင်း ဆွေးနွေးတိုင်ပင်နေကြသည်။ မေမေက ကိုသုကိ ချစ်တာမို့ အမြဲကိုသု ကိစ္စဆ်ို အရေးတယူရှိလှတာမို့ ဒီကိစ္စတွေတိုင်ပင်ကြတာမဆန်းပါဘူး။ ဒါပေမဲ့ အဲ့သည်နေ့က ဆန်းတာက ကိုသု။

ရုတ်တရတ် ဘေးဘေးလက်ကို ထဆွဲပြီး ကျွန်တော်သူ့ကို ယူမှာဆိုပြီး ပြောလာတော့ အန်တီမွှေးနှင့် မေမေတို့ပါ မျက်လုံးတွေပြူးကုန်သည်။

မေမေက "သားသု ဘေးဘေးနဲ့သားက ယောက်ျားလေးတွေလေ သားတို့ညီအကိုတွေ အရမ်းချစ်ကြတာသိပေမဲ့ အိမ်ထောင်ရေး တစ်ခုတော့ တည်ဆောက်လို့မရဘူးလေ"ဆ်ိုပြီးပြောလေသည်။

"ဘာလို့မရရမှာလဲ သူများနိုင်ငံတွေတောင် ယူကုန်ကြတာပဲ နောက်ပြီး ကျွန်တော်နဲ့ ဘေးလေးက ညီအကိုလို ချစ်တာမဟုတ်ဘူး လင်မယားလိုချစ်တာ ဟုတ်တယ်မလား ဘေးဘေး" ဆိုပြီး ဘေးဘေးကို လှည့်ကြည့်ရင်း မေးလေသည်။

ရုတ်တရတ်မို့ ဘာဖြေရမှန်းမသိကြောင်နေမိသည်။ ဒုက္ခပါပဲ ကိုသု မီးမွှေးပြန်ပြီ တစ်နေ့ ဒီလိုနေ့ရောက်လာမည်ဆိုတာ သိနေပေမဲ့ ကြိုလည်း အသိမပေး ဗြုန်းစားကြီးဆိုတော့ ဘေးဘေးလည်း ဘာပြန်ပြောလို့ ပြေရမှန်းမသိ ဆွံ့အနေသည်။

ကိုသုက ဖြေလေကွာဆိုပြီး လက်မောင်းကို ခပ်ကြမ်းကြမ်း ဆွဲကိုင်လှုပ်ရင်း မေးတော့မှ သတိပြန်ဝင်လာပြီး "ဟုတ်တယ်မေမေ ကိုသု ပြောသလိုပါပဲ"ဟု ဖြေမိလေသည်။

Without YouWhere stories live. Discover now