" မင်းတို့လည်း ယောက်ျားယူရင်
Zhang Yixingလိုလူမျိုး မယူနဲ့ သိလား "
" အေး အေး မယူဘူး
မငိုနဲ့တော့ "
" အိပ်လိုက်နော် မငိုနဲ့တော့ "
" ငိုပြီးမှ အိပ်မှာ "
" အင်း အင်း
ငိုပြီးရင် အိပ် "
မရပ်မနား မျက်ရည်တွေကျနေသည့် Junလုံးကိုကြည့်ပြီး Baekhyuneeနဲ့ Seokလေးကပါ စိတ်မကောင်းရှာ ။
သူငယ်ချင်းသုံးယောက်ထဲမှာ သူက ပိုကလေးအဆန်ဆုံးနဲ့ စိတ်အားငယ်တတ်ဆုံးမို့ Baekhyuneeနဲ့ Seokလေးတို့က သူ့ကိုဆို အရမ်းဂရုစိုက်ပြီး ချစ်ကြတာဖြစ်သည် ။
... ... ... ... ...
တိုကျိုမြို့ရဲ့ ညလေအေးက လန်းဆန်းပေမယ့် ဖောင်းအစ်နေသည့် မျက်ဝန်းတွေကိုသာ မြင်ယောင်နေတော့ ရင်ထဲမှာ ပူလောင်ရသည် ။
ရုတ်တရက်ကြီး ပြောင်းလဲသွားသည့် ကလေးငယ်နဲ့ သူ့ရဲ့ စိမ်းသက်သက် အခြေအနေတွေကြောင့် နှလုံးသွေးတွေ ဗလောင်ဆူနေဆဲ ။
အဲ့နေ့ညက သူသာအမှားမလုပ်ခဲ့ရင် ဒီလိုတွေ ဖြစ်လာမှာမဟုတ် ။
ဒီကလေးအပြုံးတွေ ပျောက်ကွယ်စေမိတာ အစကနေ အဆုံးထိ အကုန်သူ့အပြစ်တွေသာ ။
မထွက်လာခဲ့ခင် နှုတ်ဆက်အနမ်း ပေးခဲ့ပေမယ့် ဝေးကွာရသည့် အချိန်နာရီပိုင်းအတွင်းမှာပင် လွမ်းစိတ်တို့က တရိပ်ရိပ် ။
" ဆိုးလ်ကိုပြန်မယ် အခု "
💕💕
မီးကျဉ်ကျဉ် လင်းနေသည့် အခန်းရဲ့ ကုတင်ကျယ်ကြီးပေါ်မှာ သူတစ်ယောက်တည်း
heaterကို အမြင့်ဆုံးထိ တင်ထားပေမယ့် အေးစက်သည့် အငွေ့အယောင်တွေ ခံစားနေရတာ အရင်လို ခိုဝင်လို့ရမည့် ရင်ခွင် မရှိ၍ဖြစ်မည် ။
အသိစိတ်တွေ ကပ်လာချိန်
နောက်ဆုံးမှတ်မိတာက Seokလေးတို့ဆီမှာ သွားပြီးဂျစ်တိုက်မိတာတွေ
ဘယ်အချိန်အိပ်ပျော်သွားခဲ့ပြီး ဘယ်တုန်းက အိမ်ပြန်ရောက်လာခဲ့မှန်းမသိ ။
အခုချိန် အိပ်ရာကနိုးလာတော့ နောက်တနေ့ကူးလို့
ညသန်းခေါင်ပင်နက်နေခဲ့ပြီ ။
💕 13 💕
En başından başla
