" အဲ့နေ့ကြောင့် ကိုယ်နဲ့မျက်နှာချင်းဆိုင်ရတာ
ခက်ခဲနေတာလား "

" ... "

" အခု ကိုယ်ကခရီးထွက်စရာရှိတော့
လွတ်လွတ်လပ်လပ်ဖြစ်မယ်နဲ့တူတယ် "

" ... "

" အဲ့လိုဆိုရင် Junလုံးရဲ့ မာမားအိမ်မှာ
ခဏသွားနေမလား "

" အဲ့အစား တစ်ခါတည်း ကွာရှင်းပေးလိုက်ပါလား အီးး
အများကြီး ကောင်းသွားတာပေါ့
သူများက ဘာဖြစ်နေလဲ မသိဘဲ ဟင့်
ပြောချင်ရာတွေဘဲ ပြောနေတယ် ရွှတ်
အဲ့မှာ ခရီးထွက်ရင်း အဲ့မှာဘဲနေလိုက်တော့
ပြန်မလာခဲ့နဲ့ Junလုံးဆီ
မုန်းလိုက်တာလို့...!
မုန်းဖို့ကောင်းတဲ့လူကြီးဆိုနေ ဟင့် "

မျက်ရည်ပေါက်ကြီးတွေ အများကြီးကျပြီး ငိုယိုနေတော့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်ရသည် ။

ဒေါသထွက်နေသည့် ပုံစံလေးနဲ့မို့ စိတ်လျော့ခိုင်းဖို့အတွက်
အနားသွားရမှာကို ဒီကလေးက ကြိုက်မှန်းမသိ မကြိုက်မှန်းမသိမို့ ။

" ကလေးငယ် "

ရှေ့တစ်လှမ်းတိုးပြီး လက်လှမ်းသည့်အချိန်မှာ ကောင်ငယ်လေးက ပြေးထွက်သွားခဲ့၏ ။

💕💕

စိတ်ဆိုးနေသည့် ကိစ္စကို ချော့မယ် မစဉ်းစားဘဲ
ခပ်ခွာခွာဘဲနေ နေသည့် လူကြီး

အခုလည်း သူများ ဘာဖြစ်လို့ ဖြစ်မှန်းမသိ
သူ့ဟာနဲ့သူ ပြောချင်ရာတွေ ဇွတ်ပြောနေတာ

ဒေါသထွက်ချင်သည့် နဂိုစိတ်အခံကပါ ရှိနေတော့
အော်ပစ်ခဲ့လိုက်သည် ။

ရိုင်းတယ် ထင်သွားလည်း မတတ်နိုင်တော့

လည်မလိုလိုနဲ့ ဒီလူကြီးက အတော်လေး နုံအသည် ။

" မငိုနဲ့တော့လေ့ "

" အီး ဟီး "

ချော့ကာမှ ပိုဆိုးဆိုသလို Baekhyuneeနဲ့ Seokလေးတို့က မျက်ရည်တွေသုတ်ပေးပြီး ချော့နေတော့ အားရပါးရနဲ့ ပိုငိုပစ်လိုက်သည် ။

" အဲ့လူကြီးက မကောင်းဘူးဆို "

" အဲ့လူကြီးကို ငါတို့နောက်မှ အပြစ်ပေးကြမယ်နော် "

My Little Zhang Where stories live. Discover now