Rose🌹(15)

1.7K 109 7
                                    

မနက်​ခင်း အလင်း​ရောင်​​ဖျော့​ဖျော့​လေးက မှန်​ပြတင်း​ပေါက်​လိုက်​ကာ ပါးပါး​လေးကြားမှတိုးဝင်​လာသည်​။ ​ညောင်းချိ​နေ​သော လက်​​မောင်း​ကြောင့်​ က​လေး​လေးက အခုထိအိပ်​​ပျော်​​နေတုန်း။ တစ်​ညလုံး​ခေါင်းအုံးခံထားရတဲ့လက်​ကို အသာ​လေးဆွဲထုတ်​ရင်း က​လေးမျက်​နှာ​လေးဆီ အနီးကပ်ကြည့်လိုက်သည်။ကိုယ့် မျက်နှာထက်၌လည်း ကိုယ်တိုင်မသိသော အပြုံးပန်းတစ်ခုကို ပန်ဆင်လျှက်......~

~~~ လှလိုက်တာ ဘေဘီရယ် ~~~

မလိမ်တမ်းပြောရမည်ဆိုလျှင် ဒီကလေးကိုစ ချစ်ခဲ့တာသူမရဲ့အလှ တွေကြောင့်ဆိုတာ သေချာသည်။ နောက်ပိုင်းမှ ကလေး အပြုံး / ကလေးရယ်သံလေးတွေ/ ဖြူစင်တဲ့ စိတ်ထားလေးတွေကြောင့် ချစ်ခြင်းတွေပိုမိုတိုးခဲ့ရခြင်း...

ထားပါလေ အခုတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်နေရှာသော သူမမျက်နှာဖြူဖြူလေးအား ငေးကြည့်နေလိုက်အုံးမည်။

ကိုယ်သည် မြန်မာအသားအရေ အလည်အလတ် ဆိုပေမဲ့ ဖြူစင်လွန်းတဲ့သူမအသားနဲ့ ယှဉ်လိုက်မည်ဆို
ကျီးကန်း နှင့် ဘဲဥ လိုကွာခြားသွားရ၏။

သူမ၏ ဖြူလှတဲ့အသားအရေကို နှိုင်းပြရမည်ဆိုလျှင် ရုပ်ရှင်မင်းသမီး ဝတ်မှုံရွှေရည်တို့လို အသားအရေမျိုး..., ကြည်လင်ပြီး တောက်ပ့နေသည်။ ထို့ပြင် ဆိုးထားသော ရွှေရောင်တောက်တောက် ဆံပင်လေးနှင့်လည်း အလွန်လိုက်ဖက်ညီစွာ မျက်လုံးလှလှလေး...~

~~~ so so cute ~~~

Cute ဆိုမှ ညကအဖြစ်အပျက်က ရုပ်ရှင်ပြသလိုမျက်လုံးထဲ ကွက်ကွက်ကွင်းကွင်း

" ~~ hk hk ~~ ''

သဘောကျစွာ တီးတိုးလေးရယ်လိုက်မိသည်။

တကယ်လည်း တတ်နိုင်တဲ့ မိန်းခလေး အခြေအနေအချိန်အခါကိုလိုက်ကာ cute type ရော sexy type ပါပြောင်းလဲနိုင်သော စွမ်းအားရှင် ဂြိုလ်သားမလေး ...~

အိပ်နေသော ဘေဘီပေါက်စအား မနှိုးရက်/ ကုတင်ပေါ်ကဖြည်းဖြည်းချင်းဆင်းကာ အိပ်ခန်းတံခါးကိုအသံမမြည်အောင် ဖွင့်ရသည်။ နိုးသွားလို့မဖြစ်ပေ ။ ဘာကြောင့်လဲဆိုတော့ ချစ်လို့ ! ။

ROSE Where stories live. Discover now