Rose🌹(11)

1.5K 124 5
                                    

" ရို့ ''

အော်ခေါ်နေသော်လည်း လှေကားထပ်ကို ကျားလိုက်သလိုပြေးဆင်းနေသော ကလေးအား မှီအောင် အသည်းအသန်ပြေးလိုက်ရသည်။

'' ခဏလေး ... ရို့ ... ခဏနေပါအုံး ''

ဒုတိယလှေကားအောက်ရောက်ခါနီး မှီရာ အကျီစကိုလှမ်းဆွဲလိုက်မှ ရပ်သွားကာ လှည့်ကြည့်လာသော ကလေးမျက်နှာလေး

~~ ဟောဟဲ ဟူး ~~

'' မောလိုက်တာကွာ ''

နှဖူးကချွေးစ ကိုသုပ်ရင်း သူမမျက်နှာလေးအား ကြည့်ရင်းပြောလိုက်သည်။
ထပ်ထွက်ပြေးမှာဆိုး၍ ဆွဲထားသော အကျီစကိုလွှတ်ပြီး သူမခါးသွယ်သွယ်ကိုဆွဲယူကာရင်ခွင်ထဲ ဖက်ထားလိုက်သည်။ သို့သော် ဘာတစ်လုံးမှမပြောပဲ ငြိမ်နေသော ကလေးကြောင့်

'' ကလေး ခုနက ကောင်လေးက ကိုယ့်သူငယ်ချင်းပါ ''

'' ...... ''

'' သိလားလို့ ''

ရင်ခွင်ထဲက ကလေးခေါင်းလေးကို ငုံ့နမ်းရင်း အထင်လွဲမည်ဆိုး၍ ရှင်းပြလိုက်သည်။

'' ဖယ် ''

ရင်ခွင်ထဲက ထွက်ကာ ခန္ဓာကိုယ်ကိုတွန်းထုတ်လိုက်သောကြောင့် လူကနောက်သို့ယိုင်သွားသော်လည်း လဲမကျအောင် ထိန်းလိုက်ရသည်။

'' ဘာဖြစ်ပြန်ပြီလဲ ကလေးရယ် ''

'' နင် မထင်ရဘူးနော် လိမ်တာအရမ်းကျွမ်းတာပဲ ''

'' ဘာလိမ်လို့လဲ ဟိုနေ့ကလည်း အကြောင်းပြချက်မရှိပဲ လိမ်တယ် လိမ်တယ် ပြောနေတာ အခုလည်း အဲ့စကားပဲ
ပြောဇမ်းပါအုံး ကလေး ကိုယ်ဘာတွေလိမ်နေလို့လဲ ''

လက်မောင်းနှစ်ဖက်ကိုကိုင်ကာ ဆွဲယမ်းပြီးပြောလိုက်တော့ မျက်လုံးအပြူးသားဖြင့်ကြည့်လာသည်။ ဟနေသောနှုတ်ခမ်းနှစ်လွှာကြားမှ သွားဖြူဖြူလေး နှစ်ချောင်းပေါ်လုနီးပါး ....~

'' ပြောလေ ပြောလေ ''

ထပ်လှုပ်ရမ်းပြီးပြောလိုက်​​တော့ မျက်နှာထားက ခုနလိုမဟုတ်​​တော့ဘဲ ​အနည်းငယ်​ ​ကြောက်​ရွံမှု​လေး​တွေ လွှမ်းလာသ​ယောင်​ ...~

'' ဟို ... ''

'' ပြောလေ ''

သူမ လက်မောင်းပေါ်က လက်နှစ်ဖက်ကိုကြည့်ရင်း

ROSE Where stories live. Discover now