Rose🌹(1)

4K 191 0
                                    

"ဆူး"

ခေါ်သံကြားမှအ​တွေးတို့လွင့်​ကာ...

"​အော်​,,ယမုံ,,ဘာ​ပြောမလို့လဲ"

စာသင်​ခန်းထဲက ​ဆူးခက်​ညို​ဘေးမှာ အမြဲထိုင်​​သော သူငယ်​ချင်း ယမုံဖူး ​ခေါ်မှ ​တွေးလက်​စအ​တွေးများ ပြတ်​​တောက်​သွား​တော့သည်​။ ​တွေးတယ်​ဆိုတာလဲဘာရယ်​မဟုတ်​ စာကိစ္စ​တွေလည်းပါသည်​။ စာမရတာ​တွေ​​ရော မကျက်​ရ​သေးတာ​တွေ​ရော မကျက်​ချင်​တာ​တွေ​ရော ဘယ်​လိုလုပ်​ရင်​​ကောင်းမလဲ စဉ်းစား​နေတာ​တွေပါ...

"နင်​​လေ ငါ​ခေါ်တိုင်းမကြားဘူး စိတ်​တိုလာဘီ အခုလည်း ဆယ်​​ခေါက်​​လောက်​​ခေါ်​နေတာကို...😑"

ဆူပုတ်​ပုတ်​ဖြင့်​ ​ပြောလာသည့်​ သူငယ်​ချင်းမ​လေးကို သွားအပြစ်​မတင်​နိုင်​ပါ ကိုယ်​ကလည်းလွန်​သည်​။ သူ​ခေါ်တိုင်းအ​မောဆို့​​ရ​စေ​သော ကိုယ့်​အ​ကြောင်းကိုယ့််​သိ​သော​ကြောင့်​....

"​အေးပါ မျက်​နှာကြီးကလဲကြည့်​အုံးဆူပုတ်​​နေတာပဲ ​နောက်​တစ်​ခါ တစ်​ခါထဲနဲ့ကြား​စေရမယ်​ ဟုတ်​ပီလား 😁"

ဒီ​တော့မှ ယမုံဖူးတစ်​​ယောက်​ နဲနဲ စိတ်​​ပြေသွား​ပုံ...

"ပြီး​ရော ပြီး​ရော,,​မောတယ်​ တကယ်​ပဲ"

"ကဲကဲ ဘာ​ပြောမလို့​ခေါ်​နေတာလဲ ငါ့သူငယ်​ချင်းအလှပ​ဂေး​လေးရဲ့,ဆိုစမ်းပါအုံး,ဒီကလူကို"

အလှပ​ဂေးဆို​တာ​နောက်​​နေတာမဟုတ်​ပါ။ ယမုံဖူးသည်​ တကယ်​ကိုလှပါသည်​ အသား​အရေအလယ်​အလတ်​​လေးနှင့်​ ရယ်​လိုက်​ရင်​ ပါးချိုင့်​​လေးနှစ်​ဖက်​အ​ဖွေးသား အရပ်​ရှည်​ရှည်​ ဆို​ပေမဲ့ အရမ်းကြီး​တော့မပိန်​​ပေ သူဟာနှင့်​သူကြည့်​​ကောင်း​သော ခန္ဓာကိုယ်​မျိုးပိုင်​ဆိုင်​ထားသည်​။

သူ​နောက်​လိုက်​တဲ့​ကောင်​လေး​တွေအများကြီးပါ ကိုယ်​မျက်​စိ​ရှေ့တင်​ စာလိုက်​​ပေးတဲ့သူနဲ့ ဘာနဲ့ but she is still single. ဖြစ်​​နေ​တာ​တော့ကိုယ်​လဲမသိ​တော့...

"အင်း ဒီ​နေ့အပြင်​သွားမို့ သင်​တန်းပြီးရင်​ လိုက်​ခဲ့​ပေး"

ROSE Where stories live. Discover now