Rose🌹(2)

2K 170 4
                                    

~~ကလင် ကလင်~~

ဖုန်းသံဆက်တိုက်မြည်နေသောကြောင့် ဖတ်လက်စ စာအုပ်ထဲရောက်နေတဲ့ စိတ်တွေတောင် ညစ်ညူးသွားသည်။

What the sh*t !

''ကျစ်''

အခန်းရဲ့ဒေါင့်တစ်နေရာမှာ ဂျောင်ကုပ်ပြီးထိုင်ကာ စာအုပ်တစ်အုပ် ကော်ဖီတစ်ခွက်နဲ့ဆို သူ့ဘဝကအဆင်ပြေသည်။

စာအုပ်ဘေးချကာ ကလင် ကလင်မြည်နေတဲ့ဖုန်းကိုကောက်ကိုင်လိုက်သည်။

''ဟလို!''

''..........''

''ဟလို!ဘယ်သူလဲအခု စကားမပြောချင်လဲဖုန်းလာဆက်မနေနဲ့ ကိုင်ထားပြီး
ေ×ာက္သံကမၾကားရဘူး''

ဒေါသထွက်ပြီးပြောချင်ရာသာပြောမိသည်။cause ဟိုဘက်ကဖုန်းဆက်ပြီးဘာမှမပြောပဲကိုး,,စာအုပ်ဖတ်နေတာ feel ငုပ်တယ်

''ဟ...ဟလို...ငါပါ ယမုံပါဟ''

ယမုံဘာလို့ချက်ချင်းမဖြေတာလဲ?ဘယ်လိုဟာလေးလဲမသိပါဘူး.....

''sorry,ငါနင်မှန်းမသိလို့အော်ပြောမိတာ''

''အင်းရပါတယ်ဟ''

''ဘာဖုန်းနံပါတ်တွေနဲ့လျှောက်ဆက်နေတာလဲ?နင့်ဖုန်းနဲ့
ဆက်လေဒါမှငါသိမှာပေါ့''

''အေး...မဟုတ်ဖူး အခုဖုန်းကရို့ဖုန်းနဲ့ဆက်လိုက်တာငါ bill ကုန်သွားလို့''

''အော် ပြီးရော အာ့ဆိုလဲ''

''နင်အိမ်မှာမလား?ဒီနေ့အားတယ်မလား''

''အင်းလေ အိမ်မှာပဲ,အားတယ်,ဘာလို့လဲ''

''ဟိုဟာ...ငါတို့လာမလို့''

ငိ!ငါတို့ဆိုတော့ သူ့သူငယ်ချင်း ရို့ ဆိုတာပါ,ပါလာမယ်ထင်တယ် အိမ်ကလဲ ရှုပ်ပွနေတာပဲ ယမုံတစ်ယောက်ထဲဆိုကိစ္စမရှိ...သူကလာနေကြ,အခု ဟိုကောင်မလေးပါ,ပါလာမည်ဆိုတော့လူကိုအထင်သေးသွားနိုင်သည်။ အိမ်ရှင်းမှရတော့မည် ဆူးခက်ညို ရေ~~~

''ဟလို နားထောင်နေသေးလားဆူး?ငါတို့လာလည်မလို့ဆို,ရလားလို့''

''အ.,အင်း...ရတယ်လေ,ရပါတယ် လာလေ ဒါနဲ့ ဟို...ရို့ပါ,ပါလာမှာလား?''

''အင်း ပါလာမှာ''

''aww ok ok ရတယ် လာခဲ့ကြ''

''အင်း အင်း အာ့ဆိုဒါပဲနော် ငါတို့ တအောင့်နေရင် ရောက်မယ်''

ROSE Where stories live. Discover now