Rose🌹(9)

1.4K 120 4
                                    

📱📱📱

~~ တောင် ~~

noti သံကြောင့် ကြည့်လိုက်တော့ ယမုံဖူးဖြစ်နေတာနဲ့

* hi *

* hi *

ရို့တစ်ယောက် အခန်းထဲမှာလှဲနေရင်း ဖုန်းဖွင့်ကာ NF ကြည့်နေလိုက်သည်။ ယမုံ လာ hi တာကြောင့် Chat box ထဲဝင်ကာ ပြန် hi လိုက်သည်။

* မတွေ့တာကြာပြီနော် ယမုံ *

* အင်း ငါမေးစရာရှိလို့ *

* မေးလေ *

* နင် နဲ့ ဆူးက ဘာတွေလဲ *

* ဘယ်လိုပြောရမလဲ *

* ဆူး ငါ့ကို နဲနဲ ပြောပြထားပါတယ် *

* ဟလား သူကငါ့ကို ကြိုက်နေလို့တဲ့သူနဲ့တွေ့တဲ့ နေ့က ဖွင့်ပြောတယ် *

* အော် နင်သူပြောတာကို ဘယ်လိုစဉ်းစားထားလဲ *

* အမ်းး ... မိန်းခလေးချင်းဆိုတော့ ငါကြောက်တယ် ပတ်ဝန်းကျင်ကို *

* အခြားဟာတွေမပြောနဲ့ နင်သူကို ချစ်လား မချစ်ဘူးလား*

စိတ်မရှည်သလို ပြောနေတဲ့ ယမုံ့စာတွေကြောင့် နည်းနည်းတော့ ကြောင်သွားမိသည်။ အရင်က သူ့ကို လိုင်းပေါ်မှာ တွေ့လည်း စကားလာပြောတာရှားသည်။ ဒီနေ့မှ ထိုအကြောင်းအရာကို အတင်းသိချင်နေသလို

* သူ့ကို စဉ်းစားပေးမှာပါ အမှန်တိုင်းပြောရရင် သူငါ့ကို တကယ်ချစ်တယ်လို့ထင်တယ် *

* နင်တကယ်ပဲအဲ့လို ထင်တယ်ပေါ့ *

* အင်း ဘာဖြစ်လို့လဲ *

* သူနင့်ကိုကစားနေတာ *

* ဟုတ်လို့လား *

* ငါက နင့်သူငယ်ချင်းပါ လိမ်ပြောနေတယ်လို့ထင်လား *

* ငါပြောချင်တာ အဲ့လိုသဘောမျိုးမဟုတ်ပါဘူး *

* သူကစားနေမှန်း နင်ဘယ်လိုသိလဲ *

ROSE Where stories live. Discover now