Rose🌹(5)

1.4K 135 4
                                    

အိမ်ပြန်ရောက်တော့ မနက်ပိုင်းသင်တန်းဖြစ်တာကြောင့် နေ့လည် ၁ နာရီ ကျော်ပဲရှိသေး၏
နေ့လည်စာအတွက် ရေခဲသေတ္တာထဲက အသင့်ဝယ်ထားသော ကြက်ဥ ကတ်ထဲမှ ကြက်ဥ နှစ်လုံး ကိုဖောက် ကျော်လိုက်သည်။ ထမင်း ကတော့ မနက်ထဲက ချက်ခဲ့သည့်အတွက် OK သွားသည်။

ကြက်ဥကျော် ဘဲဥကျော် ဆိုတာ ဆူးအတွက် လွယ်လွယ်ကူကူ ဟင်း ဖြစ်သောကြောင့် အမြဲ ကျော်စားဖြစ်သည်။

ထမင်းစားပြီးတော့ ပန်ကန်ဆေး အိမ်သန့်ရှင်းရေး လုပ်ပြီး သောအခါ ဆူးအတွက် ကျန်အချိန်များက အားလပ်ချိန်များသာ...~

ရေခဲသေတ္တာ ထဲက ပန်သီးတစ်လုံး ကိုယူ ကာ ဘေစင် မှာရေးဆေး လိုက်သည်။
ထို့နောက် အခွံမခွာပဲ တစ်ကိုက်ကိုက် လိုက်ပြီးနောက်

'' ချိုသားပဲ ''

အပြုံးတစ်ခုက ဆူးမျက်နှာမှာ ပန်ဆင်လျှက်

အခန်းထဲကို သွားပြီး ကုတင်ပေါ်မှာ ခဏလှဲလိုက်သည်။
မျက်စိမှိတ်ထားရင်း ချစ်ရသော မိန်းခလေးရဲ့ ပုံရိပ်တစ်ချို့ တစ်ဝက်ကို ပြန်ပုံဖော် ကြည့်နေမိသည်။

ပြုံးနေတဲ့ ကိုယ့်ကိုကိုယ် ပြန်သတိထားမိမှ

''ကိုယ့် အချစ်တွေကို ကလေးပိုင်ပါတယ်ကွာ ; ဟတ်ဟတ်''

သဘောကျစွာ တိုးတိုးလေး ပြောမိသည်။

ကုတင်ပေါ်မှ ပြန်ထလာကာ နာရီကြည့်လိုက်တော့ ၃ နာရီထိုး ခါနီးပြီဖြစ်သောကြောင့် စာလုပ်ရန် အသိဝင်လာသည်။

ညကျရင် စာလုပ်လို့မဖြစ်ပေ အခုလုပ်ထားရမည်။ because ညကျရင် Facebook မှာ သူမ acc ကိုရှာမည်။ နောက်ပြီး စကာလေး ဘာလေးပြော....

စိတ်ကူးတွေယဉ်ကာ ပျော်နေမိသည်။

ကလေး အကြောင်းတွေးရင် ပျော်နေမိတာ ဘာကြောင့်လဲ ဆိုတာ ကိုယ်အခု လက်ခံလိုက်ပြီ...~

မိန်းခလေးချင်းဆိုပေမဲ့ ကိုယ်ကလေးကို ချစ်တယ်

ပတ်ဝန်းကျင်အမြင်မှာ ဒါဟာ မသင့်တော်ပေမဲ့ ကိုယ့်အချစ်က သဘာဝတရား ကြီးကိုဆန့်ကျင်ပြီး ကလေးဆီပဲ ဦးတည်နေတော့

ROSE Where stories live. Discover now