Rose🌹(7)

1.3K 157 3
                                    

⛅⛅⛅⛅⛅

မနက်​မိုးလင်းတာနဲ့ ​စော​စောထကာ ညကဘာဖြစ်​မှန်းမသိတဲ့ ဆူး တိုက်​ခန်း​ရှေ့ကို ရို့တစ်​​ယောက်​ စိတ်​ပူပူဖြင့်​​ရောက်​လာသည်​။ သို့​သော်​ အိမ်​ထဲဝင်​လို့ မရတဲ့အတွက် ​လှေကားထစ်​ မှာပဲ ထိုင်​ချကာ ဘယ်​လို နှိုးရင်​ ​ကောင်းမလဲစဉ်းစား​နေရသည်​။

လူ​ခေါ်ဘဲလ်​ တီး ​သော်​လည်း ထွက်​မလာ​သော ဆူး​ကြောင့်​ ပိုပြီးစိတ်​ပူရသည်​။ ညက ဆူး ငိုနေတာ သေချာသည်။ ထို့ကြောင့် ပိုပြီး စိတ်ပူရခြင်း.......

" ဟူး ဘယ်လိုလုပ်ရပါ့ "

စဉ်းစားရင်း ဖြင့် ကံကောင်း စွာ အကြံတစ်ခုက ရို့ခေါင်း ထဲ ဝင်လာသည်။

" phone ဆက်ရမယ် ယမုံဖူး ဆီ "

ယမုံဖူး နှင့် ဆူး နဲ့က ခင်တာကြာပြီဖြစ်သောကြောင့် သူကအိမ်ထဲ ဝင်ဖို့နည်းလမ်းကို ပိုသိလိမ့်မည်။ ဖုန်း contacts ထဲက ယမုံဖူး ဆိုတဲ့ name ကို နှိပ်ကာ ဖုန်း ခေါ်လိုက်သည်။

" ဟလို "

" ဟလို ယမုံလား "

" အေး ဟုတ်တယ် ရို့ ပြောလေ ဘာကိစ္စလဲ "

" နင် ဆူး တိုင်ခန်း ထဲ ဝင် လို့ရတဲ့ နည်းလမ်း သိလား "

" ဟင် ! ဘာလုပ် မလို့လဲဟ ; ဆူး ကအိမ်မှာ မရှိဘူးလား''

" မဟုတ်ဘူး ဆူး အိမ်မှာရှိတယ် ငါခေါ်နေတာ အခုထိ ထွက်မလာသေး လို့ ဖုန်း ဆက်တာလဲ မရလို့ "

" ဟလား : အိပ်နေတာ ထင်ပါတယ် : တိုက်ခန်း ရှေ့က အဖြူ ရောင်ပန်းအိုး ကိုတွေ့လား ? "

ဖုန်းပြောရင်း တိုက်ခန်း တံခါးဝ ကို လှမ်းကြည့်လိုက်တော့ တစ်ဖက်တစ်ချက်ဆီမှာ အလှအုန်းပင်အပုလေး စိုက်တားတဲ့ အဖြူရောင် ပန်းအိုး နှစ်လုံး.....

" အေး တွေ့တယ် "

" အဲ့အောက်မှာ ရှာကြည့်လိုက်သော့ "

ပန်းအိုး နှစ်လုံးကို မပြီ ရှာကြည့် သော်လည်း သော့နှင့်တူသောအရာဆိုလို့ ဘားမှမတွေ့ချေ။

ROSE Where stories live. Discover now