Rose🌹(4)

1.4K 126 2
                                    

ဒီ​နေ့နဲ့ဆို ထိုကောင်မလေးနဲ့မတွေ့ရတာ တစ်ပတ်လောက်တောင်ရှိတော့မည်။ တကယ်ကိုတွေ့ချင်ပါသည် ; သူမမျက်နှာလှလှလေးကို

'' သင်တန်းကသွားရအုံးမယ် ဟင်းးး''

သင်တန်းသွားမတက်ချင်ပေမဲ့လည်း မတက်လို့ကလည်းမဖြစ်ပေ။ ဒါကိုအားကိုးပြီး အလုပ်ရှာရမှာမလား

ဆူး ကတော့ အလုပ်မြန်မြန်လုပ်ပြီး ဦးလေး ထောက်ပံ့ပေးမှု ကနေ လွတ်ချင်နေပြီ ဦးလေးကိုလည်းအားနာသလို ဒီအချိန်ထိ ကြည့်ရှုစောင့်ရှောက်ပေးထားကိုပဲ ကျေးဇူးတင်မဆုံးဖြစ်နေခဲ့တာပါ။

အိပ်ယာထဲက မြန်မြန်သွက်သွက်ထပြီးနောက် ရေမိုးချိုး ပြင်ဆင်စရာပြင် ; နောက်ပြီး စာအုပ် တွေထည့်ထားတဲ့ ကျောပိုးအိတ်ကို လွယ်ကာ သင်တန်းသွားရန် အသင့်ဖြစ်ချေပြီ။
ဒီနေ့ အချိန်ပို Class တစ်ခုရှိတာကြောင့် အိတ်ထဲမှာစာအုပ်တွေပြည့် လျှံနေသည်။

''လေးလိုက်တာကွာ''

ပြောပြောဆိုဆိုဖြင့် အိတ်ထဲက စာအုပ် ၄ , ၅ အုပ်ထုတ်က လက်ဖြင့် ပိုက် ထားလိုက်သည်။

အိမ်တံခါးသေချာပိတ်ပြီးနောက် သေချာအောင် နောက်ပြန်လှည့်ကြည့်လိုက်သေးသည်။ သေချာပြီဆိုမှ mask တပ်ကာ တိုက်အောက်ထပ်ဆင်းလာခဲ့သည်။

ကားဂိတ်ကိုလမ်းလျှောက်ရင်း ထိုဂြိုလ်သားမလေး လမ်းထိပ်ရောက်လာတော့ တွေ့လိုတွေ့ညား လမ်းထဲပြူးပြဲ ကြည့်မိသေး but i see nothing.

မတွေ့တာနည်းနည်းကြာသွားတော့ လွမ်းတယ်လို့ပဲပြောရမလား?
မိန်းခလေး ချင်းကြီးကိုကွာ ဆူးခက်ညိုရာ နင်ဘာတွေဖြစ်နေလဲ အဓိပ္ပာမရှိတာတွေ မတွေးစမ်းပါနဲ့...~

စိတ်ထဲက စကားများကို သူမသာသိရင်ဘာပြောမလဲ
ရယ်ရတယ်နော် ဒီလိုမျိုးသူမကိုအမြဲတွေ့ချင်နေတာ သူမအသံလေးကြားရမှာ ပျော်သွားတာ ; နောက်ပြီး သူမ ကိုသတိရနေမိတာ ဒါတွေကို အချစ်လို့ခေါင်းစဉ် တပ်ရမှာလား မိန်းခလေး တစ်ယောက်ကို ချစ်မိနေတာ တကယ်ရောဖြစ်နိုင်လို့လား ?

ဒါမှမဟုတ် ငါပဲရူးနေတာလား ¿

'' Sh*t ! ''

ပါးစပ်ကအမှတ်မထင်ထွက်သွားတာကြောင့် ကားဂိတ်ကလူများ လှည့်ကြည့်လာသည်။

ROSE Where stories live. Discover now