“ဘယ်မှာရှောင်လို့လဲ.ကိုယ်က-”

“ရှောင်တယ်လေ..ခါတိုင်း P’Arthit သင်တန်းချိန်မဆင်းသေးရင်တောင် အစောကြီးလာပြီး ကျွန်တော့်ကို လာစောင့်တဲ့သူက ရှောင်နေတာ မသိသာပဲရှိမလား.။ ခု P’Arthit သင်တန်းဆင်းချိန် ကွက်တိမှ လာကြိုတယ်.။ပြီးတော့ မြင်ရဲ့သားနဲ့လည်း အဖက်မလုပ်ဘူး.။”

“ဒါပဲ မလား.။ကိုယ်သွားတော့မယ်.. Arthit စောင့်နေပြီ”

လက်ကိုဖယ်ထုတ်ကာ ကားထဲ ၀င်ရန်သာပြင်နေသည့် သူကြောင့် Gun ရင်ထဲ ၀မ်းနည်းစိတ်တို့ကြီးစိုးလာရသည်.။

“ခင်ဗျားပဲ ချစ်တယ်ဆို..။ကျွန်တော်က အဖြေတောင်မပေးရသေးတာ..ခု မချစ်တော့ပြန်ဘူးလား.”

ကားတံခါးကိုလက်လှမ်းနေသည့် Off ၏ လက်တို့တုန့်ခနဲရပ်သွားရသည်.။ချစ်သည်ထက်ပိုသေချာတာတောင်ရှိမည်မထင်ပါ.။ သို့ပေမယ့်  အန္တရာယ်များသည့် ပတ်ဝန်းကျင်ထဲ တကယ့်ကို သူ့လက်လေးဆွဲကာ မခေါ်ရက်.။

“ပြောပြီးပြီပဲ.. ကိုယ်က Arthit နဲ့လူကြီးချင်းသဘောတူထားတာ.ပါဆို.။ ”

ခပ်ပြတ်ပြတ်စကားဆိုလျက် Off ကားကတော့ အရှိန်နဲ့ မောင်းထွက်သွားပါပြီ.။ Gun နေရာလေးမှာပင်ရပ်နေမိရင်း မျက်ရည်က အိခနဲပြိုကျလာရသည်.။ အင်္ကျီလက်ဖြင့် ခပ်နာနာပွတ်သုတ်လိုက်သည်.။

“မကောင်းတဲ့အကောင်ကြီး ~~ ငါလည်းချစ်တယ်တောင် မပြောလိုက်ရဘူး.။ငါ့ဘာသာနေတာကို ဘာလို့ လာချစ်လဲ.။ငါ ကရည်းစားတောင် တစ်ခါမှမထားဖူးတာ.။ သူ့ကိုပဲ ချစ်မိလိုက်တာကိုး..”

“Gun လေး ..ပွစိစိနဲ့ဘာတွေရွတ်နေတာလဲ..။ကိုယ့်အကိုတောင် မမြင်ဘူး.ဟင် ငိုနေတာလား ကလေး..။”

Oak သည်ပြာပြာသလဲဖြင့် Gun ရှေ့ရောက်လာသည်။ Gun လည်း မျက်လုံးလေးကို နီရဲနေသည်ထိ ပွတ်သုတ်ပစ်လိုက်ကာ--

“အကောင်ဝင်သွားလို့..။သွားမယ် P’..”

ဇိုးဇိုးဇတ်ဇတ်ဖြင့် ကားခေါင်းထဲရောက်သွားတော့ Oak လည်း ဘာမှမမေးတော့ဘဲ ကားမောင်းသူဘက်နေရာယူကာ မောင်းထွက်လာတော့သည်.။

“ကမ်းနားလမ်းဘက်ခဏသွားဦးမယ်နော်..P’.. ငါးဖမ်းသမားဦးလေးကြီးတစ်ယောက်ဆီ သတင်းယူစရာရှိလို့”

ချစ်​ခြင်းကို​စေ.......💓Where stories live. Discover now