" ပြန်မပြောနဲ့ Jun Myeon
အလိုလိုက်တယ်ဆိုပြီး အမြဲတမ်း ဆိုးချင်မနေနဲ့ "

" အဟင့် "

ကျောခိုင်း မျက်နှာလွှဲလိုက်သည့် အခိုက်အတန့် ကိုယ့်လက်တွေကနေ လွတ်မြောက်သွားသည့် ကလေးငယ်၏ ပင့်ရှိုက်သံတစ်ချက် ။

ခြေလှမ်းသေးသေးလေးတွေနဲ့ အခန်းထဲကနေ လှစ်ခနဲ ပြေးထွက်သွားသည့် အရိပ်ကလေးကို မျက်ဝန်းထောင့်တွေကနေ လှမ်းမြင်လိုက်ရသည် ။

တစ်ခါတစ်လေ ခြေအိတ် မဝတ်တတ်တဲ့အကျင့်ကြောင့် နီရဲရဲ ချစ်စဖွယ်ခြေဖနောင့်လေးတွေ ထိခိုက်မိမှာစိုးတဲ့စိတ်နဲ့ ပြောလိုက်မိတာ

နောက်ဆုံးတော့ ကိုယ်ကဘဲ လူဆိုးကြီး ဖြစ်ကျန်ခဲ့ရသည် ။

💕💕

" အောက်ဆင်းလာခဲ့ "

" မဆာသေးလို့ "

" အရမ်းကြီးနောက်မကျစေနဲ့
အစာအိမ်အောင့်မယ် "

" သိတယ် "

ညစာစားဖို့ ခေါ်လိုက်ပေမယ့် ချက်ချင်းထမလာဘဲ တွေဝေနေသေးသည့် ကလေးငယ်

ငြင်းဆန်ခဲ့သည့် စကားလုံးထဲမှာ မျက်နှာချင်းမဆိုင်ရဲသည့် အရိပ်အယောင်တချို့ကို ခန့်မှန်းမိသည် ။

" Junလေးက "

" ဆာရင်ဆင်းလာလိမ့်မယ်
အဆင်သင့်သာပြင်ထားပေးလိုက် "

ခါတိုင်းကဲ့သို့ ချိုမြသည့် အသံလွင်လွင်တို့ ပျောက်ကွယ်နေသော ထမင်းဝိုင်းသည် အသက်မဝင်ခဲ့ပေ ။

" ဆေးသောက်ပြီးပြီလား "

" ပြီးပြီ "

အမေးစကားတွေကို ခပ်ပြတ်ပြတ်ဘဲ ဖြေသည့် ကောင်ဆိုးလေးဟာ တကယ့်အကြောတင်းလေး ။

" မနက်ဖြန်တော့ ကျောင်းတက်နိုင်တယ်မလား "

" အွင်း "

ဘေးတစ်စောင်း လှဲအိပ်နေသည့် ခန္ဓာကိုယ်လေးက နည်းနည်းမျှပင် စောင်းငဲ့မလာ

ကျောပေးထားသည့် အနေအထားမှာ ပိုပိုဝေးကွာသွားသည့် အငွေ့အသက်တွေ

တစ်ဖက်ကို ပိုတိုးသွားပုံရသည် ။

ဒီကလေးလေးကို ဒီလိုအခြေအနေမျိုးနဲ့ နေရခက်စေဖို့ မရည်ရွယ်ခဲ့ပါ

My Little Zhang Donde viven las historias. Descúbrelo ahora