" အရေးကြီးတဲ့ဖိုင်ကျန်ခဲ့လို့ ပြန်လာယူတာ "
အဆင်ပြေရဲ့လားဆိုပြီး တစ်ခွန်းတောင်မမေးဘဲ ပြန်ထွက်သွားသည့် လူကြီးက အခန်းထဲရှိခဲ့စဉ်ခဏ ကိုယ့်ကိုရင်မဆိုင်သလို ကိုယ်ကိုယ်တိုင်ကလည်း မော်မကြည့်ဖြစ်ခဲ့ ။
သူ့ကြောင့် ကျောင်းတောင်မတက်နိုင် ဖြစ်ရတာကို အေးစက်စက်နဲ့ ဘာမှမဖြစ်သလိုမျိုး နေနိုင်သည့်လူကြီးကြောင့်
အလိုလိုနေရင်း ဝမ်းနည်းချင်လာသည် ။
ဘယ်လိုဖြစ်ဖြစ် အခုတစ်ခါကိစ္စကိုတော့ Junလုံး တကယ်ကြီးစိတ်ဆိုးသည် ။
💕💕💕💕💕💕
" အပြင်သွားချင်လို့ "
" ဘယ်ကိုလဲ "
" Baekhyuneeတို့နဲ့ သွားဆော့မလို့ "
" ဖိနပ်အပါးမစီးသွားနဲ့
အေးနေတာ "
" အဲ့ဒါဘဲ စီးချင်တာကို "
သူ့စကားကို တိုးတိုးလေး အထွန့်တက်သည့် ကောင်လေးက တမင်ဂျစ်ချင်နေပုံ ။
" မဟုတ်ရင် သွားဖို့မစဉ်းစားနဲ့ Junလုံး! "
စိတ်ရှုပ်စရာ အလုပ်တွေကြောင့် ခေါင်းခဲနေရသည်မို့
ပြောစကားနားမထောင်ချင်သည့် ကောင်ဆိုးလေးကိုပါ ရောယောင်ပြီး အော်ပစ်မိသည် ။
တင်းမာသွားသည့် ကိုယ့်လေသံနောက်မှာ ယှက်သွယ်ထားသည့် လက်ဖဝါးလေးနှစ်ဖက်က တင်းခနဲဖြစ်ပြီး နောက်ရောက်သွားတဲ့ ခြေလှမ်းငယ်တွေ ။
" ဟင်း "
ဘောပင်ကိုချပြီး မျက်နှာတစ်ခုလုံးကို လက်နှစ်ဖက်ဖြင့် အုပ်ကိုင်ကာ လေပူတွေကို သက်ပြင်းတွေနဲ့အတူ လွှင့်ထုတ်ရင်း
" ကိုယ်ပြောနေတယ် Junလုံး
ကျေးဇူးပြုပြီး ကိုယ့်စကားကို
နားထောင်ပေးလို့ မရဘူးလား "
ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်ပြီး ချော့မော့သလို ပြောပေမယ့် မျက်ဝန်းတွေကို ရင်ဆိုင်လာသည့် အကြည့်စူးစူးတွေ
" Junလုံးကို အနိုင်မကျင့်နဲ့ "
" ကျစ်! "
ဆူအောင့်အောင့်အသံလေးနဲ့ ပြန်အော်နေတာများ မျက်ဝန်းတွေကို စုံမှိတ်ပစ်ပြီးတော့
💕 12 💕
Start from the beginning
