“မနေ့ညက ကားပါကင်မှာများ ~~ကျွတ်~~ဒုက္ခပါပဲ.။ပြန်သွားရှာရမယ်ထင်တယ်.။”

စိတ်အနည်းငယ်ရှုပ်ထွေးသွားကာ လက်ကဖုန်းဆီရောက်၏။သူ မနက်သင်တန်းပေးစရာရှိသည်မို့ တခြားသူကိုပဲအကူညီတောင်းရပေ တော့မည်.။

### အင်း ပြော Arthit.###

** ငါ သင်တန်း ID ကဒ်လေး Siam Center ကားပါကင်မှာကျကျန်ခဲ့ တယ်ထင်လို့.။တစ်ယောက်ယောက်လွှတ်ပြီးသွားရှာခိုင်းပေးပါဦး.။ငါ နေရာကို message ပို့ထားပေးမယ်နော် Off.**

### အိုခေ..ငါ ခိုင်းလိုက်မယ်.။မင်း သွားစရာရှိတာသာ သွားလေ.#

ဖုန်းချလိုက်ပြီးသည်နှင့် လိုအပ်သည်များယူကာ အောက်ထပ်ဆင်းလာခဲ့ သည်။ တစ်လျှောက်လုံးတူညီဝတ်စုံဝတ်အစေခံဝန်ထမ်းများဖြင့် လှုပ်ရှားသက်ဝင်ကာ သူ့ကိုမြင်တိုင်း ခေါင်းညွှတ်အရိုသေပေးကြတာကို လည်း စိတ်မသက်မသာဖြင့် လျစ်လျူရှုထားလိုက်မိတော့သည်.။ ကြီးမားကျယ်ပြန့်လှသော ခေတ်မီနှစ်ထပ်တိုက်အိမ်ကြီးတွင် အရှင်သခင်ဟူ၍ လောလောဆယ်က သူ တစ်ယောက်ထဲရယ်.။ ဂိုထောင်ထဲမှ အသင့်ထုတ်ပေးထားပုံရသော ဆင်ဝင်အောက်က သူ့ကားလေးကို ကိုယ်တိုင်မောင်းထွက်လာခဲ့သည်.။ခြံဝန်းစပ်က လုံခြုံရေးဂိတ်က လူကြီးများကလည်း တံခါးဖွင့်ပေးကာ အရိုအသေပေး ကြပြန်သည်.။လေပူတစ်ချက်က အမြဲလိုလို Arthit မှုတ်ထုတ်မိမြဲ.။ မည်မျှပင် ကြုံ့တွေစေကာမူ ခုထိလည်း သူ ကျင့်သားမရနိုင်.။ တကယ်ဆို သူလိုချင်ခဲ့တာ ဒီလိုလူနေမှုပုံစံမှ မဟုတ်တာလေ.။

အတန်ကြာမောင်းနှင်လာပြီးနောက် Arthit ပန်းချီ သင်တန်းပေးနေကျ အနုပညာသင်တန်းကျောင်းကို ရောက်လာသည်.။ဤနေရာတွင်မူ သူ တကယ်ကိုပျော်ပါသည်.။သူ မည်သူနည်း.။မည်သူဖြစ်သည် အထူးတလည်မေးမြန်းနေမှုမျိုး ရိုကျိုးနေမှုမျိုးမရှိ.။ သင်တန်းရေးရာ ဌာနကိုတော့ ID ကဒ်ခေတ္တပျောက်ဆုံးနေ ကြောင်း သတင်း ပို့ခဲ့ လိုက်သည်။

“P”..P’Arthit ကျွန်တော့်ကို ခဏစောင့်ပါဦး..”

“Gun ~~ ဘယ်လိုဖြစ်ပြီးနောက်ကျနေတာလဲ.။ အိပ်ရာထနောက်ကျပြန်ပြီလား”

ချစ်​ခြင်းကို​စေ.......💓Where stories live. Discover now