Untitled Part 50

1.4K 175 0
                                    


ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ

Book 8 အဖြူအနက် ကောလိပ်

Chapter 11 ( အံ့မခန်း ဖြစ်ရပ် ) (အခန်း ၁)

"နိုင်ပါစေ။ နိုင်ပါစေ။ နိုင်ပါစေ။"

မူနော့စွန်းက ဂျိနင်ကို ကြည့်ပြီး ဆုတောင်းနေမိပါတယ်။ သူ့မျက်ဝန်းတွေက မျှော်လင့်ချက် ရောင်ခြည်တွေ တောက်ပလို့ နေပါတယ်။
"အကိုကြီး နိုင်မှကို ဖြစ်မယ်။"

အစောပိုင်းက သူ နှစ်ပွဲ ဆက်တိုက် ရှုံးနိမ့်သွားခဲ့တယ်လေ။ သူနဲ့ နင်က တစ်ဖွဲ့တည်းသားတွေလို့ သူ့ရင်ထဲမှာ ခံယူထားပါတယ်။ သူတို့နှစ်ယောက်လုံးက ကျောင်းသားသစ်တွေပဲလေ။

ကျောင်းသားဟောင်းတွေကတော့ ကျောင်းသားသစ်တွေကို ထုံးတမ်းစဉ်လာအရ သင်ခန်းစာ ပေးနေကြတာပါ။ သူက ရှုံးနိမ့်ခဲ့ရပေမဲ့လည်း နင်ကို အနိုင်ရစေချင်ခဲ့တယ်။ ဒါမှ ကျောင်းသားသစ်တွေ မျက်နှာပန်း လှမှာလေ။ ပြီးတော့ သွေးသောက်သူ ဘလ်အက်က လောင်းကြေးကို အနိုင်ကျင့်ပြီးတော့ အများကြီး ထည့်ထားသေးတယ်လေ။


"ဂိုဏ်းတူညီလေး ဂျိနင် အခု တိုက်ပွဲစည်းထဲ ၀င်သွားပါပြီ။"


"ဂိုဏ်းတူအကိုကြီး ဘလ်အက်က လောင်းကြေးကို တော်တော်မြှင့်ထားတာပဲ။ သူက နည်းနည်းလေးမှကို မစာနာဘူး။"

ကျောင်းသားဟောင်းတွေ အချင်းချင်း စကားပြောနေကြပါတယ်။ ကြာပန်းကိုးပွင့်ကတော့ နင်ကို ဂရုတစိုက်ကြည့်နေမိပါတယ်။ သူမက သိမ်မွေ့စွာနဲ့

"ဂိုဏ်းတူ မောင်နှမတွေကလည်း.. အခုက ပြောဖို့အချိန်စောပါသေးတယ်။ ဂိုဏ်းတူမောင်လေး ဘလ်အက် အနိုင်ရမလား ဂိုဏ်းတူမောင်လေး ဂျိနင်ပဲ အနိုင်ရမလားဆိုတာကတော့...."


"ဂိုဏ်းတူ ညီလေး ဘလ်အက်က ကျောင်းတော်ကို ရောက်နေတာ ကြာလှပြီလေ။ သူက ဂျိနင်အောက်ကို အဆင့်နိမ့်နိုင်သေးလား..."


"ဂိုဏ်းတူအမကြီး ကြာပန်းကိုးပွင့်ရေ.. ဂျိနင် နိုင်ဖို့ဆိုတာ သိပ်တော့ မဖြစ်နိုင်ပါဘူး။"

နော့စွန်းအပါအ၀င် အနီးအနားက တပည့်တွေ အကုန်လုံး ကြာပန်းကိုးပွင့် စကားကြောင့် အံ့အားသင့်သွားကြပါတယ်။ ပြောရရင် ကြာပန်းကိုးပွင့်ကလည်း ကျောင်းသားဟောင်းပဲလေ။

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ် ၆ ဒုတိယတွဲ - စာစဉ် ၈ အထိ)Where stories live. Discover now