Untitled Part 11

1.6K 186 0
                                    


ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ

Book 6 ဒုတိယတွဲ (ပိုးအိမ်ကို ခွဲထွက်၍ လိပ်ပြာ ဖြစ်လာခြင်း)

Chapter 30 ( ရေမြေခွေးဖြူကြီး အသွင်ပြောင်းခြင်း )

လူသန်ကြီးတွေ တစ်ယောက်ပြီးတစ်ယောက် ဆက်တိုက် ဖြစ်ပေါ်လာကြပါတယ်။ သူတို့တွေက အင်မတန်မှကို ရက်စက်တဲ့ အသွင်အပြင်ရှိနေပါတယ်။ လက်ထဲမှာတော့ စစ်သုံးတူတွေ၊ လှံတွေ၊ ဓားတွေ၊ ပုဆိန်တွေနဲ့ လက်နက်မျိုးစုံကို ကိုင်စွဲပြီးတော့ နင်ဆီကို ကြွေးကြော်ပြီး ပြေးဝင်လာနေကြပါတယ်။

မိုးရေတွေက လိုက်ကာလိုမျိုး တလွှာပြီးတစ်လွှာ ပေါ်လာခဲ့ပါတယ်။ ဒီလူသန်ကြီးတွေကို မိုးရေတာအို နယ်မြေနဲ့ သတ်လို့ မရတော့ပါဘူး။ သူတို့ကို နှေးသွားအောင်ပဲ စွမ်းဆောင်နိုင်ပါတော့တယ်။

ရွှစ်... ရွှစ် .... ရွှစ်...

ဓားကိုးလက်က ကောင်းကင်မှာ ကခုန်နေကြပါတယ်။ တချို့ ဦးခေါင်းကို ဓားက ဖောက်ထွက်သွားပြီးတော့ လူသန်ကြီးတွေ သေဆုံးကြပါတယ်။ တချို့ကလည်း အပိုင်းပိုင်းပြတ်ပြီးတော့ သေဆုံးကြပါတယ်။

"သေစမ်း... မင်းတို့အားလုံး.."

နင် က သူ့ရဲ့ လေတောင်ပံ ရှောင်ရှားနည်း နတ်ဘုရားသိုင်းကို အသုံးပြုလိုက်ပါတယ်။ အနီရောင်ကောင်းကင်ကိုးဆင့် ကျင့်စဉ်ရဲ့ နတ်ဘုရားစွမ်းအင်က သူ့ကျောပေါ်မှာ တောင်ပံနှစ်စုံ အသွင်နဲ့ ပေါ်လာခဲ့ပါတယ်။ ဒါက လေတောင်ပံ ရှောင်ရှားနည်းရဲ့ အစစ်အမှန် အစွမ်းပါပဲ။ ယူချီကလန်က သူတို့မှာ နတ်ဘုရားသိုင်း ရှိတယ်ဆိုတာကို ဖုံးကွယ်ထားဖို့အတွက် သူတို့ရဲ့ နောက်လာနောက်သားတွေကို ဒီပညာကို ထုတ်သုံးတိုင်း တောင်ပံမှော်ရတနာကိုသုံးဖို့ မှာခဲ့ကြတာပါ။

တစ်ကယ့် နတ်ဘုရားသိုင်းက ဘယ်လိုလုပ်ပြီးတော့ မှော်ရတနာ အကူအညီ လိုမှာလည်း။


"၀ှစ်"

နင် ပြေးသွားတဲ့ နေရာတိုင်းမှာ လက်ထဲက ဓားနှစ်လက်ကြောင့် အလင်းတန်း နှစ်ခုဖြစ်ကျန်ရစ်ခဲ့ပါတယ်။

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ် ၆ ဒုတိယတွဲ - စာစဉ် ၈ အထိ)Where stories live. Discover now