Untitled Part 15

1.8K 241 5
                                    


ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ

Book 6 ဒုတိယတွဲ (ပိုးအိမ်ကို ခွဲထွက်၍ လိပ်ပြာ ဖြစ်လာခြင်း)

Chapter 34 ( ဂျိနင် ပြန်လာပြီ။ နောက်ဆုံးတိုက်ပွဲ ။)

အခုဆို ညမိုးချုပ်ပါတော့မယ်။ ရွှေကျီးကန်းက အနောက်ဘက် တောင်တန်းတွေမှာ မေးတင်ပြီး မှေးစက်ဖို့ ပြင်နေပါပြီ။

Serpentwing ရေကန်ရဲ့ မြောက်ပိုင်း အဖျားနားမှာတော့...

ဝှစ်..

လျှပ်စီးလို အမြန်နှုန်းနဲ့ သွားနေတဲ့ လူတစ်ယောက် ကောင်းကင်မှာ ပေါ်လာခဲ့ပါတယ်။ ဒါကတော့ ရေအောက်နန်းတော်ကနေ ပြန်ရောက်လာခဲ့တဲ့ ဂျိနင်ပါပဲ။ နင်ရဲ့ ညာဘက်လက်ထဲမှာ ဆည်းဆာရောင် မိစ္ဆာသတ်ဓားကို ကိုင်ဆောင်ထားပါတယ်။ ဒီဓားက ကြည်လင်နေပြီးတော့ လက်ဝါးအရွယ်ပဲ ရှိနေပါတယ်။ သွေးရောင်နည်းနည်းလည်း ဖြာထွက်နေပါတယ်။

"လေတောင်ပံ ရှောင်ရှားနည်း။"

နင် လေတောင်ပံ ရှောင်ရှားနည်းကို အသုံးပြုလိုက်တော့ချက်ခြင်းပဲ ကီလိုမီတာ တစ်ဆယ်ကျော် အကွာကို ရောက်သွားပါတော့တယ်။


"အဖေ.. ကျွန်တော့်ကို စောင့်နေပါဦး။"

နင်က ဆည်းဆာရောင် မိစ္ဆာသတ်ဓားကို ရရခြင်း ဒီကို ချက်ခြင်းပြန်လာခဲ့ပါတယ်။ သူပျံသန်းသွားတဲ့ လမ်းမှာပဲ ဒီရတနာကို ချည်နှောင်ပေါင်းစည်းနေလိုက်ပါတယ်။


"ငါ နတ်ဘုရားသိုင်းကျင့်စဉ်ခန်းမမှာ တစ်နာရီလောက်ကြာသွားခဲ့တယ်။ အဖေ တောင့်ခံထားနိုင်မှ ရမယ်နော်။"

သူ လင်းယုန်ငှက်ကြီးတစ်ကောင်လို ပျံသန်းသွားနေပါတယ်။ နင်ပျံသန်းသွားတာကို သာမန် ဇင်တျန်တန်ခိုးရှင်တောင်မှ မြင်လိုက်ရလောက်မှာ မဟုတ်ပါဘူး။

...

နှစ်မိနစ်လောက်နေတော့ အဝေးမှာ ခမ်းနားတဲ့ သီးသန့်ခွဲခြား ပိတ်ဆို့ ၀င်္ဂဘာကို ဂျိနင် မြင်လာနေရပါပြီ။ ဒီ ၀င်္ဂဘာကြီးက ကြည်လင်တဲ့ စက်လုံးကြီးတစ်ခုအသွင်နဲ့ ကျွဲချိုတောင် တစ်တောင်လုံးကို လွှမ်းခြုံထားပါတယ်။

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ် ၆ ဒုတိယတွဲ - စာစဉ် ၈ အထိ)Where stories live. Discover now