Untitled Part 35

1.6K 182 1
                                    


ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ

Book 7 စတေးဝါးတား မြို့တော်

Chapter 16 ( ၁၂လပိုင်း ကျောင်းဝင်ခွင့် )

အချိန်တွေ တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့ပါတယ်။ ဒီလိုနဲ့ ၁၂လပိုင်းကို ရောက်လို့ လာခဲ့ပါပြီ။ ၁၂ လပိုင်း ပထမ ၃ရက်ကတော့ စတေးဝါးတား နယ်မြေထဲက ကျောင်းတွေက ကျောင်းသားသစ် စတင် လက်ခံတဲ့ နေ့ပါ။

"၀ိုး"

မန်ရှင်၊ မန်ဂျန် နဲ့ မန်ရော့တို့ လမ်းကြားလေးထဲကနေပြီးတော့ လမ်းမကြီးပေါ်ကို တက်လာခဲ့ပါတယ်။
"ဒီမှာ လူတွေ အများကြီးပဲနော်။"

မန်ရှင်က တအံ့တသြ ပြောလိုက်ပါတယ်။ သူမ အမူအရာက အရမ်းကို ပျော်ရွှင်နေတဲ့ ပုံပါပဲ။

"ပြောရာ မလို ဘူးလေ။ ဒီနေ့က ၁၂လပိုင်း ပထမ ဦးဆုံး ရက်ဆိုတော့ ကျောင်းတွေက ကျောင်းသားသစ် စတင်လက်ခံတဲ့ နေ့ပဲပေါ့။ စတေးဝါးတား မြို့တော်က တခြား မော်တယ် တွေ ဇင်တျန် တန်ခိုးရှင်တွေ နဲ့ ငါတို့လို ဇီဖူတန်ခိုးရှင်တွေလည်း အများကြီးက ကျောင်းအပ်ဖို့ စီစဉ်နေကြပြီလေ။ ဒါပေမဲ့လည်း ထိပ်တန်းကျောင်းတော်ကြီးတွေက ဇီဖူအစောပိုင်းအဆင့်ကိုပဲ စတင် လက်ခံကြတယ်လေ။ အခု ငါတို့က ဇီဖူအစောပိုင်း အဆင့်ဆိုတော့ ကျောင်းတွေကို ၀င်ခွင့် ရဖို့က တော်တော်ကို လွယ်မှာပါ။"

မန်ရှင်က မန်ရော့ကို ခိုးကြည့်လိုက်ပါတယ်။ နှင်းနဂါးတောင်က သူမတို့ကို ချုံခို တိုက်ခိုက်ခဲ့တုန်းက သူမကို ကယ်ဖို့အတွက် မန်ရော့က တားမြစ် ပညာရပ်ကို ထုတ်သုံးခဲ့ရတယ်လေ။ ဒီမှာပဲ သူ့ရဲ့ ကျင့်ကြံမှု အခြေခံကို ထိခိုက်ခဲ့ပြီးတော့ အခုဆို သူကျောင်းဝင်ခွင့် ရဖို့အတွက် အင်မတန်မှကို ခက်ခဲနေပြီပေါ့။


"ညီမလေး ရှင်.. သွားကြရအောင်။"

ဂျန်က ပြောလိုက်ပါတယ်။ သူ မန်ရော့ကို ပြုံးရွှင်နေတဲ့ မျက်နှာနဲ့ တစ်ချက်ကြည့်ပြီးတော့

"ရော့ကီ မင်းရဲ့ ကျင့်ကြံမှု အခြေခံ က ထိခိုက်သွားပေမဲ့လည်း မင်းက အစောပိုင်း ဇီဖူ တန်ခိုးရှင် တစ်ယောက်ပဲ ရှိသေးတယ်လေ။ မင်း ကံကောင်းရင်တော့ သေချာ မစစ်ဆေးတဲ့ ကျောင်းတော်တွေကို ၀င်ခွင့် ရလိမ့်မယ် ထင်တယ်။"

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ် ၆ ဒုတိယတွဲ - စာစဉ် ၈ အထိ)Where stories live. Discover now