Untitled Part 21

1.7K 201 1
                                    


ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ

Book 7 စတေးဝါးတား မြို့တော်

Chapter 2 ( ရောက်ရှိပြီ )

အစကတော့ မန်ကလန်က သုံးယောက် က စုပေါင်းပြီး ကာကွယ်ရုံနိုင်လေးပဲ ရှိပါတယ်။ ဒါပေမဲ့ နှင်းနဂါးတောင်က ဂိုဏ်းဝင် နှစ်ယောက်က အလျော့ မပေးတော့ပဲ တကယ်တိုက်ခိုက်လာတဲ့အခါမှာတော့ သူတို့တွေ တော်တော် ဒုက္ခရောက်သွားကြပါတယ်။

"ငါသာ ဒီလိုမျိုး ဖြစ်မယ်ဆိုတာကို ကြိုသိရင် ရော့ကီပြောတဲ့ စကားကို နားထောင်ခဲ့ပါတယ်။"

လှပတဲ့ မိန်းမပျိုကလေး မျက်နှာ ဖြူဖပ်ဖြူလျော် ဖြစ်သွားပါတယ်။ သူမ နောင်တတွေ ရနေပါပြီ။ သူတို့ ၃ယောက်က ဇီဖူအဆင့်ကို ရောက်သွားတဲ့အခါမှာ ဆက်ပြီးတော့ မလေ့ကျင့်ရဲတော့ပါဘူး။ ဘာလို့လည်းဆိုတော့ ဇီဖူအလယ်အဆင့်ကို ရောက်သွားလို့ ရှိရင် အခြေခံက တည်ဆောက်ပြီးသွားပြီ ဖြစ်လို့ ပြန်လှည့်လို့ မရတော့တဲ့အတွက် အစွမ်းထက်တဲ့ ကျောင်းတော်ကြီးတွေက ဒီလို ဇီဖူအလယ်အဆင့် ရောက်သွားတဲ့ တပည့်မျိုးကို လက်မခံတော့ပါဘူး။

ဒါကြောင့် သူတို့ ၃ယောက်လုံးက ဇီဖူအစောပိုင်းအဆင့်မှာပဲ ရှိနေပါသေးတယ်။ သူတို့တွေ စမထွက်လာခင်မှာ မန်ရော့က ပြောခဲ့ပါတယ်။
"ရှင် ကလေး... ငါတို့က ဇီဖူတန်ခိုးရှင်တွေထဲမှာဆို အောက်ဆုံးအဆင့်မှာပဲ ရှိနေသေးတယ်။ ဒါကြောင့် ငါတို့တွေ မှော်ရတနာကို စီးသွားတဲ့ အခါ လမ်းမှာ တိုက်ခိုက်ခံရရင် တစ်ကယ့်ကို အန္တရာယ်များတယ်။ ငါတို့တွေ မြေပြင်မှာပဲ လမ်းလျှောက်ပြီးဖြစ်ဖြစ် စီးတော်သတ္တ၀ါပဲ စီးပြီးတော့ ဖြစ်ဖြစ် သာမန်လူတွေလိုပဲ ဖြည်းဖြည်းချင်း သွားကြတာပေါ့။ ဒါက အချိန်ပိုလိုပေမဲ့လည်း ပိုပြီးတော့ အန္တရာယ် ကင်းတယ်လေ။ အင်မော်တယ် လမ်းစဉ် လျှောက်သူတွေဟာ သာမန်လူတွေကို ဘယ်တော့မှ သွားပြီး အန္တရာယ် မပြုဘူးလေ။"


"မင်းက ငတုံးပဲ။"

မန်ဂျန်က ဒေါသတကြီးနဲ့ ပြောလိုက်ပါတယ်။
"စီးတော်သတ္တ၀ါကို စီးပြီးတော့ မြေပြင်မှာ ဖြည်းဖြည်း သွားကြမယ်? ဒါက ကီလိုမီတာပေါင်း သန်းနဲ့ ချီပြီးတော့ကို ဝေးတာလေ။ ငါတို့တွေ အဲ့ဒီကို ရောက်ဖို့ဆိုရင် တစ်နှစ်လောက် ကြာသွားလိမ့်မယ်။ တောင်ကို တက်ပြီးတော့ ရေကန်တွေကို ကျော်ဖြတ်သွားရမှာလား။? မင်းသွားချင်ရင်တောင်မှ ငါမသွားချင်ဘူး။ ငါတို့တွေ အမြန်ဆုံး ပျံသွားမယ်ဆိုရင်တော့ ရက်နည်းနည်းလေးနဲ့ကို ရောက်သွားမှာ သေချာတယ်။ ငါတို့ကို တိုက်ခိုက်မဲ့သူကို တွေ့ရလောက်အောင်လည်း ငါတို့က ကံမဆိုးနိုင်ပါဘူး။"

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ် ၆ ဒုတိယတွဲ - စာစဉ် ၈ အထိ)Where stories live. Discover now