Untitled Part 1

4.4K 243 0
                                    


ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ

Book 6 ဒုတိယတွဲ (ပိုးအိမ်ကို ခွဲထွက်၍ လိပ်ပြာ ဖြစ်လာခြင်း)

Chapter 20 (တည်နေရာ ရွှေ့ပြောင်း တာအို တံဆိပ်တော် အသေး)

"နွန်ဇီတောင် ပျောက်သွားပါလား။"

နင် မျက်မှောင်ကြုတ်မိလိုက်ပါတယ်။

ကျန်ခဲ့တဲ့ ဇီဖူတန်ခိုးရှင် ၆ယောက်လည်း ထိတ်လန့်ခြောက်ခြားနေကြပါတယ်။ နင်က တော်ဝင် ၀င်္ဂဘာရဲ့ အကူအညီနဲ့ ၀မ်ရှင်းသူတော်စင် တစ်ယောက်ရဲ့ အဆင့်လောက်ကို ရောက်နေပြီလေ။ သူတို့ ၅ယောက်က ဆက်ပြီးတော့ စုပေါင်းဝင်္ဂဘာကိုလည်း အသုံးမပြုနိုင်ကြတော့ပါဘူး။


"ဂျိနင် ငါတို့ကို မသတ်ပါနဲ့။"


"ငါ သယ်လာသမျှ မှော်ရတနာတွေကို မင်းကို ပေးပါ့မယ်။ ငါ့ ကလန်ကလည်း ငါ့ရဲ့အသက်ကို လဲလှယ်ဖို့အတွက် မှော်ရတနာတွေ ထပ်ပြီးတော့ ပေးဦးမှာပါ။"


"ဂျိနင်....."

သူတို့ ၅ယောက်က တိုက်ခိုက်လိုတဲ့ စိတ်ဓာတ်မရှိကြတော့ပါဘူး။

နင်က သူတို့ ၅ယောက်လုံးကို ကြည့်လိုက်ပါတယ်။

"ဂျိနင်..."

သူ့နားထဲမှာ အသံတစ်ခုကို ကြားလိုက်ရပါတယ်။
"ငါတို့တွေ ဇီဖူတန်ခိုးရှင် နှစ်ဖွဲ့လုံးကို အနိုင်ယူလိုက်နိုင်ပြီးပြီ။ ဒါပေမဲ့လည်း တော်ဝင်ရှအင်ပါယာ ရောက်လာဖို့ နှစ်ရက်လိုသေးတယ်။ ဒီ နှစ်ရက်အတွင်းမှာ နှင်းနဂါးတောင်က ဇီဖူတန်ခိုးရှင်တွေ အများကြီး ထပ်ပြီးတော့ ရောက်လာဦးမှာပဲ။ ငါတို့တွေ ဒီလူတွေကို ကြည့်နေဖို့ အချိန်မရှိဘူး။ သူတို့ကို သတ်ပစ်လိုက်ပါ။ ဇီဖူအဆင့် မွန်းစတားတွေကိုကျတော့ မင်းရဲ့ သစ္စာကို ခံခိုင်းလိုက်လို့ ရသေးတယ်။ သူတို့ သစ္စာမခံယူဘူးဆိုရင်တော့ သတ်ပစ်လိုက်ပါ။"

နင်ခေါင်းညိတ်လိုက်ပါတယ်။

ခေါင်းဆောင်ကြီးရဲ့ စကားက နည်းလမ်းကျပါတယ်။


"မင်းတို့အားလုံး သေလိုက်ပါတော့။"

နင် သူတို့ကို ကြည့်ပြီး အေးအေးဆေးဆေး ပြောလိုက်ပါတယ်။

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ် ၆ ဒုတိယတွဲ - စာစဉ် ၈ အထိ)Where stories live. Discover now