Untitled Part 23

1.8K 218 1
                                    


ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ

Book 7 စတေးဝါးတား မြို့တော်

Chapter 4 ( ကြယ်ကိုးလုံး အင်မော်တယ် ရထားလုံး )

"လာ ရထားလုံးပေါ်ကို တက်ရအောင်။"

နော့မွန့်ပိုင်ဝေက နင်ကို ရထားလုံးပေါ် ဆွဲခေါ်သွားပါတယ်။ ရထားလုံးက ၁၅-၁၆ မီတာလောက် ရှည်လျားပါတယ်။ အတွင်းခန်းက အင်မတန်မှကို ကျယ်ဝန်းပြီးတော့ သက်တောင့်သက်သာ ရှိပါတယ်။ ပိုင်ဝေက နင်ကို
"ထိုင် ထိုင်..."

"ဒီ ရထားလုံးက တော်တော် ဇိမ်ကျတာပဲ။"

နင် သက်ပြင်းချပြီး ပြောလိုက်ပါတယ်။ ရထားလုံးထဲမှာခုံ ၁၂လုံး ရှိပြီးတော့ ခုံတိုင်းက အင်မတန်မှ နူးညံ့တဲ့ သားမွေးနဲ့ ဆိုဖာလို ချုပ်ထားပါတယ်။ ဒါကြောင့် ဒီခုံတွေက ထိုင်ရတာ အရမ်းကို ဇိမ်ကျပါတယ်။
"သခင်လေး ပိုင်ဝေ ဒီ ၇ထားလုံး တစ်စီးလုံးကို ဖုံးလွှမ်ထားတဲ့ မီးတောက်တွေက...."

ဒီမီးတောက်တွေကနေ ဘာ စွမ်းအားမှ သူမခံစားမိပါဘူး။

"အော် ... အဲ့ဒါက သဘာဝ စွမ်းအင်တွေကနေ ဖန်တီးယူထားတဲ့ အပြင်ဒီဇိုင်းပါ။"

ပိုင်ဝေက ပြောပြီးတော့ ညွှန်ကြားလိုက်ပါတယ်။
"သွား...အပူပင်မဲ့ ဟော်နန်းကို သွားကြမယ်။"


"ဟုတ်ကဲ့ပါ သခင်လေး။"

အပြင်က မိန်းကလေး တလေးတစား ပြန်ဖြေလိုက်ပါတယ်။

မီးတောက်ရထားလုံးက အမြန်ဆုံး ထွက်ခွာသွားပါတော့တယ်။
"မင်း သတိထားမိလား။ ဒီ ရထားလုံးနဲ့ ပါလာတဲ့ အခြွှေအရံကောင်မလေးနဲ့ ရထားလုံးလေ.. နှစ်ခုလုံးက တည်ဆောက်ထားတာတွေပဲလေ။"

ပိုင်ဝေက ပြုံးလိုက်ပြီးတော့ ပြောလိုက်ပါတယ်။

"တည်ဆောက်ထားတာ..?"

သူ သတိမထားမိလိုက်ပါဘူး။ ပြောရရင်တော့ နော့မွန့်ကလန်ရဲ့ နယ်မြေထဲမှာ သူ့ရဲ့ နတ်ဘုရား စိတ်အာရုံကို ဖြန့်ကျက်ပြီးတော့ အရာရာတိုင်းကို သေချာ မလေ့လာရဲပါဘူး။


"အမှန်ပဲ.."

ပိုင်ဝေက ၀မ်းသာအားရစွာနဲ့
"ဒီ အခြွှေအရံ ကောင်မလေးက အဖေ ငါ့ကို လက်ဆောင်ပေးခဲ့တဲ့ ဂိုလမ်ပဲပေါ့။ သူက အထွဋ်အထိပ်အဆင့် ၀မ်ရှင်းသူတော်စင် အစွမ်းနဲ့ကို တိုက်ခိုက်နိုင်တယ်။ ပြီးတော့ အကြောက်အလန့် မရှိဘူးလေ။ ဒါက လူတိုင်း လိုချင်နေတဲ့ အကောင်းဆုံး ကိုယ်ရံတော်ပဲပေါ့။"

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ် ၆ ဒုတိယတွဲ - စာစဉ် ၈ အထိ)Where stories live. Discover now