Untitled Part 20

1.8K 214 1
                                    


ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ

Book 7 စတေးဝါးတား မြို့တော်

Chapter 1 ( လမ်းတ၀က် ခရီးစဉ်)

လှေပျံတစ်စင်းက တိမ်တိုက်တွေကို ဖြတ်သန်းပြီးတော့ စတေးဝါးတား မြို့တော်ကို အမြန်ဆုံး ပျံသန်းသွားလို့နေပါတယ်။ ဂျိနင်က လှေနံရံကို မှီထားပြီးတော့ အောက်ကိုငေးမော ကြည့်နေမိပါတယ်။

"အဖေ၊ အမေ၊ ဦးလေး၊.. အားလုံးအတွက် လက်စားချေပေးပါ့မယ်။"

နင်တိုးတိုးလေး ရေရွတ်နေမိပါတယ်။ သူ့အဖေပေးလိုက်တဲ့ စာလိပ်မှာ ရန်သူတွေရဲ့ နာမည်ကို ရေးထားပါတယ်။ ဒီမှာ လူ ၃ယောက်နာမည်ကိုရေးထားပါတယ်။ တုံခုနစ် ဆိုတာ အဓိက တစ်ယောက်ပါ။ သူ့နာမည်က တော်တော် ထူးဆန်းပါတယ်။ သူက မူလာ တာအိုတန်ခိုးရှင်တဟစ်ယောက်ရဲ့ မြေးပါ။

နင် က သူ့ရဲ့ အစွမ်းကို သူ နားလည်ပါတယ်။ သူတော်စင် ရှုလီကို သတ်နိုင်တယ်ဆိုတာ တကယ်တော့ ဘာမှ မဟုတ်သေးပါဘူး။ ပြောရရင် စူးဟုန်၇ီလို အင်မတန်မှကို အစွမ်းထက်တဲ့ ၀မ်ရှင်း သူတော်စင်တွေလည်း ရှိပါတယ်။ သူကိုယ်တိုင်လည်း စူးဟုန်ရီကိုဆို အနိုင်ရနိုင်မှာ မဟုတ်ပါဘူး။ ပြီးတော့ ဒီလောက် ကြီးကျယ်မြင့်မြတ်တဲ့ တာအို သူတော်စင်တွေကတော့ သူတို့ရဲ့ ရှုထုတ်လိုက်တဲ့ မူလမီးတောက်နဲ့တင်ကို ဂျိနင် ပြာပုံဖြစ်သွားနိုင်ပြီးတော့ ၀ိဥာဉ်ပါ ပျက်စီးသွားနိုင်ပါတယ်။

မူလမီးတောက်ဆိုတာ မူလတာအို တန်ခိုးရှင် ဖြစ်သွားရင် ရရှိလာတဲ့ အစွမ်းတစ်မျိုးပါ။ ၀မ်ရှင်း သူတော်စင် ဖြစ်မှ အသုံးပြုလို့ ရတဲ့ ခမ်းနားသော ပတ်ဝန်းကျင် ထိန်းချုပ် ပြောင်းလဲခြင်း အစွမ်းလိုပဲ မူလတာအို အဆင့်ကိုရောက်မှ မူလမီးတောက်ကို အသုံးပြုနိုင်တာပါ။


"တရားခံ သုံးယောက်မှာ တုံခုနစ်က အဓိက တရားခံပဲ။ ယုတုံ နဲ့ ရှုရီတို့နှစ်ယောက်က ကြံရာ ကြံဖက်တွေပဲ။"

သူ့အဖေက ယုတုံနဲ့ ရှုရီ တို့နှစ်ယောက်က တုံခုနစ်ရဲ့ နောက်လိုက် တပည့်တွေ ဖြစ်ကြတယ်လို့ ပြောခဲ့ပါတယ်။ တုံခုနစ်ရဲ့ အမိန့်နဲ့ သူတို့တွေက တိုက်ခိုက်ကြတာပါ။

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ် ၆ ဒုတိယတွဲ - စာစဉ် ၈ အထိ)Where stories live. Discover now