စိတ်ဆိုးသွားတာသိတာမို့ ကိုမြတ်ကို ခဏဟုပြောကာ အနောက်ကနေလိုက်ခေါ်ရသည်။ စာမေးပွဲတွင်းကြီး ကိုသုနှင့်စိတ်ဆိုးပြီး ရန်လည်းမဖြစ်ချင်သောကြောင့်လည်းပါသည်။အိမ်ရှေ့ရောက်တော့ ကိုသုက စက်ဘီးပေါ်ပင်ရောက်နေပြီ။ ဘေးဘေးထွက်လာတာသိတော့

"ဘာလိုက်လုပ်တာလဲ အပေါ်မှာမင်းအကောင် တစ်ယောက်တည်းကျန်နေခဲ့တာ စိတ်မပူဘူးလား"ဆိုပြီး ခနဲ့လေသည်။

"ကိုသုကလည်း အဲ့တာဘေးဘေးနဲ့ ဘာဆိုင်လို့လဲ"ဆ်ိုပြီး သူ့လက်မောင်းကို ကိုင်ရင်း ချွဲချွဲလေးပြောမိတော့

"ငါစိတ်မထိန်းနိုင်ရင် မင်းဒီည စာမလုပ်လိုက်ရပဲနေမယ်"ဆိုပြီး အနားနားကပ်ပြီး ကြိမ်းဝါးလေသည်။

ရုတ်တရတ် လန့်သွားတာမို့ "ကန်တော့ ကန်တော့ ငါမပြောတော့ဘူးကွာနော် ဘွာတေး"

"အခုဘာလုပ်မှာလဲ ငါနဲ့ အိမ်ကို လိုက်ခဲ့မှာလား...အဲ့ကောင်ကို သူ့အိမ်ပြန်ခိုင်းမလား"

"ကိုသုကလည်း ကိုမြတ်က တကူးတက စာလာရှင်းပြတာလေ ပြန်ခိုင်းရင် ဘယ်ကောင်းမလဲ... သုံးယောက်အတူစာလုပ်လို့ရတာပဲ"

"ငါကရော တကူးတက မင်းဆီမလာလို့လား သုံးယောက်ဆို ငါလူသတ်မိလိမ့်မယ် မင်းကို အဲ့ကောင် ကြည့်တဲ့ အကြည့်တွေ ငါမကြိုက်ဘူး မင်းက ငါ့လူဖြစ်ပြီးသွားပြီနော်"

"အဲ့တာကို ငါသိပါတယ် ဒါပေမဲ့ ကိုသုမှာက နဒီချိုရှိနေသေးတယ်လေ"

"မင်းအဲ့အကောင်ကို မပြန်ခိုင်းချင်တာနဲ့ ငါ့ကို မဆိုင်တာတွေ မပြောနဲ့"

"ဒါဆို နေ့လည်က ကိစ္စကို ဘယ်လိုရှင်းပြမှာလဲ ငါကရော ခံစားချက်မရှိတဲ့လူလား ငါလည်းလူပါ နာကျင်တတ်တယ်လေ အရာရာကို အမြဲတမ်း တစ်ဖတ်သတ်တွေးနေလို့ မရဘူးလေကွာ"

"တော်ပြီကွာ စိတ်ရှုပ်တယ် ငါဒိုးပြီ"ဆိုပြီး စက်ဘီးနင်းပြီးထွက်သွားလေသည်။ သူ့နောက်ကျောကို ကြည့်ရင်း ရင်ထဲမှ တဆစ်ဆစ် နာကျင်လာသည်။ ရင်ထဲမှ နာကျင်ရတိုင်း လက်သီးကို တင်းနေအောင် ဆုပ်မိယုံမှတစ်ပါး။

Without YouWhere stories live. Discover now