မေမေ့ကို မနက်ကတည်းက သူငယ်ချင်းအိမ်မှာ အိပ်မယ်ဆ်ုပြီး ဖုန်းဆက်ထားလို့ တော်သေးသည်။ဘီယာသောက်မှန်းသိလျှင် အဖေ့ဒေါသနှင့် အဲ့နေရာမှာတင် ပွဲပြတ်လောက်သည်။ အခုက ဘီယာတင်မဟုတ် အရက်ပါ ပါသေးတယ်။ ဒါပေမဲ့ ကိစ္စမရှိ မနက်ဖြန်ကျောင်းပိတ်သည်ဆိုတော့ အေးဆေး သောက် ကဲမယ် ကွဲမယ်ကွာ။

အရက်ရော ဘီယာရောပါ ရောတဲ့ဒဏ်ရော တစ်ခါမှ မသောက်ဘူးတဲ့ ဒဏ်တွေပါရောပြီး အပြတ်မူးနေတဲ့ ဖီလင်က ကောင်းသားပဲဟ ဟားးဟားးး သဘောကျစွာ အော်ရယ်မိသည်။

"အရက်ကကောင်းသားပဲ သောက်ရင်မူးတယ် သစ္စာရှိတယ် ဘေးဘေး မင်းက သစ္စာမရှိဘူး အရက်ကမှ ရေရောတာတောင် ရေလည်မူးနေသေးတယ်"

"မင်းကတော့ရေမရောတာတောင် သစ္စာမရှိဘူး ဟိုကောင် ပေါ်လာတာနဲ့ အဲ့ကောင်နောက် ကောက်ကောက်ပါအောင် လိုက်တယ်ပေါ့ ဟုတ်လား"ဆိုပြီး သူအဲ့ဒီစကားတွေကိုပဲ မကျေမနပ် ရေရွတ်နေမိတာ ဘယ်နှကြိမ်မှန်းပင်မသ်ိတော့ပေ။

"ဘေးဘေး မင်းငါ့ကို လုပ်ရက်တယ်ကွာ" ဟုသာ ရေရွတ်နေမိသည်။ဒီညကဘာညလဲ အသဲကွဲတဲ့ညလား ဟားးး ငါမကျေနပ်နိုင်ဘူး ဒီလောက်နဲ့ အရှုံးမပေးနိုင်ဘူး လာလို့ အရှုံးပေးရမှာလဲ အခုချက်ချင်းအဲ့ကောင် ဂျပုကို သွားရှင်းရမယ် တွေ့ရင် ပုတဲ့အရပ်ကို မြေကြီးထဲ ထပ်ဝင်သွားအောင် ထုပစ်ရမယ် ဆိုပြီးကြိမ်းဝါးပြီး

"ဟေ့ကောင်သူရ ငါ့ကို ဟိုကောင် ငဘေးအိမ်လိုက်ပို့ပေးစမ်း ငါစာရင်းရှင်းရမယ် အဲ့ကောင်နဲ့"

သူရက "မင်းမူးနေပြီလား ညနက်နေပြီကွ အခုဆယ်နာရီတောင်ထိုးနေပြီကွ အိပ်တော့ကွာ သားကြီး"ဟုပြောသော်လည်း

"မအိပ်နိုင်ဘူးကွာ မင်းလိုက်ပို့မှာလား မပို့ဘူူးလား အေး မင်းလိုက်မပို့ရင် ငါ့ဘာသာငါ သွားမယ်" ဆ်ိုပြီး မူးမူးနှင့် ထလျှင် ပြန်လဲကျသွားသည်။ ပြန်ထပြီး ဒယိမ်းဒယိုင်ဖြင့် လမ်းလျှောက်နေလျှင် သူရမနေနိုင်တော့ပဲ

"ဟေ့ကောင် အေးဆေးထိုင်နေကွာ ငါဖုန်းဆက်ကြည့်ပေးမယ် ခဏနေဦး"ဆိုပြီး အောက်သို့ ဆင်းသွားလေသည်။ ထိုင်ခုံပေါ်မှာ ခေါင်းမော့ထိုင်ရင်း မျက်လုံးတွေကို မှိတ်ထားရင်း "မင်းဆီ ပြဿနာရှာဖို့ လာပြီဘေးဘေးရေ သေဖို့သာပြင်ထား"....

Without YouWhere stories live. Discover now