"မင်းသာ ဖြစ်ပျက်နေတာ တစ်ခြားကျောင်းက ကောင်တွေ တစ်ဘေးတည်းဘေးနေတာ မင်းမသိဘူးမလား"

ဒီစကားကြားတော့ သူ့ရင်ထဲ ပို၍ပင် စိတ်တိုမိသေးသည်။ အဲ့တာတွေကြောင့် အဲ့လိုကချင်တာနေမှာဆိုပြီး ပိုပြီးဒေါသထွက်တာလား အလိုမကျတာလား အခုထိ သူ့စိတ်သူ မသေချာ ဘေဘေး မိန်းမလို ကတာ သဘောမကျတာလား ဘာကို သဘောမကျနေမှန်းမသိဘူး မနေ့ကတည်းကနေ အခုထိပဲ ဟားးး စိတ်ရှုပ်လိုက်တာကွာ ဟု တွေးမိလေသည်။

ထိုစဉ် သူရက

"ဟိုမှာဘေးဘေး သူကကျောင်းသားသစ် ကားနဲ့ပါလာတာလား "

သူလှည့်ကြည့်မိတော့ ဘေးဘေးနဲ့ ဟိုကောင် စိတ်ကထောင်းကနည်းတိုလာပြီ ကားပေါ်ကနေ ဆင်းပြီး သူတို့နားရောက်လာသည်မို့ သူရက

"ဘေးဘေး ဘယ်လိုဖြစ်တာလဲ ခါတိုင်း ကိုသုနဲ့ လာနေကြမလား" ဟု မေးလျှင်

"သူက ကားစီးနေရတော့ ငါ့လို စက်ဘီးကို ဘယ်လိုက်စီးပါ့မလဲ ငါ့ကိုတင်နင်းရမဲ့ အစား ကားပေါ်ပဲ အခန့်သား ထိုင်လိုက်ချင်မှာပေါ့" သူ ပြောချင်ရာပြောပြီး ထွက်လာခဲ့သည် စိတ်ထဲမှာတော့ ခေါင်းကို ပိတ်ထုချင်လောက်အောင်ကို ပင် ဒေါသထွက်နေသည်။

အတန်းထဲရောက်တော့လည်း သူကအနောက်ကမို့ ဘေးဘေးနဲ့ ဟိုကိုမြတ်ဆိုတဲ့ အကောင်ကိုအတူတူ မြင်နေရတာ စိတ်တိုဖို့ကောင်းလှသည်။ စာသင်နေတုန်း ဘေးဘေးက ခဏခဏ လှည့်ကြည့်သည် သူစိတ်တိုနေမှန်းသိတော့ ချက်ချင်းပြန်လှည့်သွားသည်

မုန့်စားဆင်းပြီမို့ ဘေးဘေး မျက်နှာချို သွေးပြီး ကိုသုကို ဘာဝယ်ရမလဲ မေးလျှင်

"မင်းအကောင် အတွက်ပဲ မင်းဝယ်ပေးလိုက် ငါ့အတွက် ဝယ်ပေးစရာမလိုဘူး" ဆိုပြီးထွက် သွားလေသည်။

သက်နှင့်ကလျာက ကြားတော့ စိတ်တိုနေကြသည် "အဲ့အကောင်က ဘာလဲ ဘေးဘေး နင်မမှားပဲနဲ့ ဘာလို့ သွားသွားချော့နေတာလဲ အောက်တယ်,. ကိုမြတ်ကိုပဲ ဂရုစိုက်စမ်းပါ ဟိုမှာ နင့်ကို အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်နေတာ ဘာလဲ နင်ကြိုက်တာ ကိုသုလား"

Without YouWhere stories live. Discover now