"ဟဲ့ နင်တို့ စနှိုးဝှိုက်က အဖြူကြီး ကာတွန်းကားထဲမှာ အဲ့အရောင်မဟုတ်ဘူးလေ "

သက်က "ဒါ ကိုရီးယားစနှိုးဝှိုက်ဟဲ့ နင်မသိရင် အသာနေစမ်းပါ ဝတ်မှာသာ ဝတ်ဆိုပြီး အတင်းဝတ်ခိုင်းလေသည် "

ဝတ်ပြီးသွားသောအခါ ကလျာက"နေဦးနည်းနည်းထပ်ဖြည့်ရမယ်"ဆိုပြီး ရင်ဘတ်ထဲကို မိတ်ကပ်ဖော့တွေ ထည့်ပေးတော့ မနေတတ်၍ ပြန်ထုတ်လျှင် သူတို့က အတင်းပြန်ထည့် နောက်ဆုံး အရှုံးပေးလိုက်ရလေသည်။ ဘာပဲဖြစ်ဖြစ် သူတို့ အမြင်မှာတော့ ဘေးဘေးက တကယ် ့စနှိုးဝှိုက်လေး ဖြစ်လာလေပြီ

ကဲ မြန်မြန်သွားမယ်နောက်ကျနေပြီဆိုပြီး သက်နှင့်ကလျာက ခန်းမဆောင်ရှိရာသို့ ခေါ်သွားလေသည်။ ဟိုရောက်တော့ ဆရာက ကိုးတန်းA အခန်း ပြဇာတ် အဆင်သင့်ဖြစ်ပြီလား "ဖြစ်ပြီ ဆရာ ဖြစ်ပြီ" ဆိုပြီး အော်၍ ဘေးဘေးကို စင်ဘေးသို့ ပို့လိုက်လေသည်

ကိုမြတ်ကတော့ စနှိုးဝှိုက်ကိုကြည့်ရင်း မျက်လုံးကြီးပြူးနေလေသည် "ဒီကောင်မလေး အခန်းထဲမှာ မတွေ့ဖူးပါလားဆိုပြီး" ထိုစဉ် "ကိုမြတ် လာသွားမယ် ပြဇာတ်ကရတော့မယ် ဘေးဘေးကို ကြောင်ကြည့်မနေနဲ့ ဆိုပြီး " လက်ဆွဲခေါ်မှ ဘေးဘေးမှန်း ကိုမြတ်သိပြီး ရယ်လေသည် ဖြစ်ရလေ ဘေးဘေးရယ် ဆိုပြီးရယ်လေသည်။

"ဟုတ်တယ်ကိုမြတ် အခြေအနေအရ အဲ့လိုဖြစ်သွားတယ်"ဆိုပြီး ဘေးဘေးရှင်းပြတော့ ကိုမြတ်က ဘာပဲဖြစ်ဖြစ် အဆင်ပြေသားပဲ မင်းသိပ်ချစ်ဖို့ ကောင်းနေတာပဲ ဆိုပြီး ပြောလျှင် မျက်နှာများပင်ပူလာသည်။

အခု တင်ဆက်ပြသမဲ့ အစီအစဉ်ကတော့ နဝမတန်းA မှ ကျောင်းသားကျောင်းသူများရဲ့ မနှင်းဖြူလေးနဲ့ လူပုလေးခုနှစ်ယောက်ပြဇာတ်ပဲ ဖြစ်ပါတယ်ရှင်

စထွက်လာသည်နှင့် ဘေးဘေး အမှားအယွင်းမရှိအောင်ထွက်နိုင်သည် အကအလှ နူးညံ့မှုသီဆိုဟန်လေးတွေနှင့် တကယ့် စနှိုးဝှိုက်လေးနှင့်မခြား ကျောင်းပေါင်းစုံက ကောင်းလေးတွေ အောက်ကနေ ဝက်ဝက်ကွဲ အားပေးကြလေသည်

ဘေးဘေးနှင့်လူပုလေး ရယောက် တင်ဆက်ပြသနေတာစင်ဘေးမှကြည့်ရင်းသက်နှင့်ကလျာ ပီတိတွေဖြစ်နေကြသည် ထိုစဉ် "ဘေးဘေးဘယ်မှာလည်း" ဆိုသောအသံကြားလိုက်ရလို့ နှစ်ကောင်သား လန့်ပြီး လှည့်ကြည့်မိတော့ ကိုသု

Without YouOnde histórias criam vida. Descubra agora