ဆရာမကလည်း "ဟုတ်တယ်သား မြတ်သုတညီဘေးမှာ သွားထိုင်လိုက် နောက်ရက် သီဟ ကျောင်းပြန်တတ်မှ ဆရာမသူ့ကို သပ်သပ်နေရာစီစဉ်ပေးလိုက်မယ်"

သူလည်း ဆရာမစကားကို နာခံပြီး ဘေးဘေးရဲ့ ဘေးခုံကို ရောက်လာလေသည်။ခုံမှာထိုင်ထိုင်ခြင်း "ကိုယ်က မြတ်လင်းဉာဏ်ပါ ကိုမြတ်လို့ရင်းရင်းနှီးနှီးခေါ်လို့ရပါတယ်"ဆိုတော့ ဟိုဘက် ဘေးတန်းမှာထိုင်သည့် ဂွစာမတွေက ကြားဖြစ်အောင်ကြားပြီး

" ကိုမြတ် သူ့ကို ဘေးဘေးလို့ ခေါ်လို့ရတယ် အဲ့တာ သူ့အိမ်နာမည် သက်တို့လည်း ဘေးဘေးလို့ခေါ်တာ"ဟုဝင်ပြောလျှင်

"နင်တို့ကို ဘယ်သူက ရှေ့နေငှားလို့ ဝင်ပြောနေတာလဲ နင်တို့နော် များနေပြီ"ဟု လက်သီးဆုပ်ပြပြီး ကြိမ်းမောင်းလျှင် နှစ်ကောင်သား ရုပ်က စပ်ဖြီးဖြီး မျက်နှာပိုးမသေပဲ ပြန်ပြီးစနောက်နေသည်။

သူက"ေဘေးဘေးဆိုတဲ့ နာမည်က ပိုချစ်ဖို့ ကောင်းတယ် အဲ့တာမှ လူနဲ့ လိုက်သွားတာ" ဆိုပြီး ထပ်ပြောလေတော့ ဟိုနှစ်ကောင် အဟမ်း အဟမ်းတွေ ဖြစ်ကုန်သည်။ ကြာတော့ အမြင်ကတ်လာပြီမို့

" ချောင်းဆိုးနေရင်ကျောင်းလာမနေနဲ့ အိမ်ပြန်ကွမ်းရွက်ပုံ သောက်ကြ" ဟု ဘေးဘေးစွာလျှင် ကိုမြတ်ရော သူတို့ပါ ရယ်ကြလေသည် ဆရာမစာသင်နေတာမို့ ရယ်ကြတာတိုးတိုးလေး...

ကိုသုကို လှည့်ကြည့်တော့ ဘာကြည့်တာလဲ အထိုးခံချင်လို့လားဆိုပြီး အသံတိတ်ပြောပြီး လက်သီးထောင်ပြတော့ နှုတ်ခမ်းကိုက်ပြီး အရှေ့ပြန်လှည့်မိသည် အားနေသူ့စိတ်ကြည့်ပဲ ငိုးမ ဟု စိတ်ထဲက ဆဲဖြစ်အောင် ဆဲလိုက်သေးသည် သြော် နင်နဲ့တော့ တယ်ခက်ပါလား ကိုသု....ကိုသု...

Without You
Part-6

ကျောင်းတတ်ခေါင်းလောင်းထိုး နိုင်ငံတော်သီချင်းဆိုပြီးသည်နှင့် ဆရာမ အတန်းထဲသို့ ဝင်လာသည် အနောက်မှာ ကျောင်းသားတစ်ယောက်ပါလာသည်။ သက်တို့ပြောပြတဲ့အတိုင်း အသားဖြူဖြူ အရပ်ရှည်ရှည်မို့ မြတ်လင်းဥာဏ် ထင်ပါရဲ့

ဘာမှတော့ မဆိုင်ပေမဲ့ ကိုသုနှင့် သူနဲ့ကို စိတ်ထဲ ရုတ်တရတ် ယှဉ်မိသွားသည် ကိုသုက လည်းချောပေမဲ့ ကိုသုကကိုရီးယားမင်းသား ထိုင်းမင်းသားတွေလို နှုတ်ခမ်းပါးပါးလေးနဲ့ ချောတာ မြတ်လင်းဥာဏ်က မေးရိုးကားကား နှုတ်ခမ်းမွှေးရေးရေး နဲ့ အနောက်တိုင်းမင်းသားတွေလိုချောတာ

Without YouWhere stories live. Discover now