တစ်ခါက ဆယ်တန်းအမကြီးကို အတင်းအကူအညီတောင်းလို့ စာသွားပေးမိပါတယ်။ ဟိုက
ဖတ်ပြီး ရေနဲ့ပက်လွှတ်လိုက်လို့ ဘေးဘေး စိတ်တိုပြီးပြန်လာရဖူးတယ်။ သူကတော့ ဘေးဘေးကို ကြည့်ပြီး တဟားဟားနဲ့ ထိုင်ရယ်နေတာ။ သူမေးခိုင်းတဲ့စာက ဖြတ်စာ။ ဆယ်တန်းအမကြီးက ပြောလိုက်တာ မင်းက သူ့ရဲ့နောက်လို်က်လားတဲ့ ဒီကောင် ငါ့ကို ဖြတ်တဲ့စာပေးတာ ယူလာပေးရအောင် အ သလားတဲ့။

တကယ်ဖြတ်စာမှန်း မသိလို့လည်း သွားပေးမိတာပါ။ ပါးရိုက်မသွားတာကံကောင်းတယ်။ အပြောလည်းခံလို်ရသေး မင်းအဲ့လိုကောင်နဲ့ ကြပ်ကြပ်ပေါင်း မင်းပါ နာမည်ပျက်မယ်တဲ့။ အဲ့နေ့က ရေတွေစိုပြီးပြန်လာရတာ ကိုသုကတော့ ရယ်လို့မဆုံး။ တော်တော်ကို အကျင့်မကောင်းတဲ့ကောင်...

သူအနိူင်ကျင့်သမျှ ငြိမ်ခံလာရတာ နှစ်တွေလည်းကြာနေပြီ မေမေတို့က အမြဲသူ့ဘက်က။ ကိုယ်ကပဲ အမြဲသည်းခံတတ်လို့များလားတော့မသိဘူး...ကိုသုကလည်း ဘေးဘေး သည်းခံတတ်မှန်းသိတော့ အရမ်းနိုင်သည်။ ဘယ်တော့မှမညှာ ကိုယ့်မှာရေနဲ့ အပက်ခံရပြီးမှသာ ပြန်ပြောတတ်လာတာ။ ပြောပြန်တော့လည်းပြောသေးသည် မင်းကလည်း ယောက်ျားကြီးဖြစ်ပြီး စွာလိုက်တာတဲ့ ။

ဟူးးးးးး သက်ပြင်းရှည်ကြီးသာချမိသည် ကိုသု ..ကိုသု တော်တော်ဆိုးပါလား သူ့အကြောင်းတွေးတာရပ်မှပါ တော်ကြာ ဒေါသထွက်လို့ သေသွားနိုင်တယ် မတွေးပဲနေမှပါ စေတနာနဲ့ မတန်တဲ့ကောင်။

Without You
Part-4

ကျောင်းပိတ်ရက်တွေ တစ်ရက်ပြီးတစ်ရက်သာ ကုန်သွားတယ် အိပ်လိုက်စားလိုက်နဲ့ ဘာမှသိပ်မကြာလိုက်သလိုပဲဟု ဘေးဘေးတွေးမိတယ်။သက်နှင့် ကလျာတို့နှင့်သာ တစ်ရက်လောက် လည်လိုက်ရတာမို့ ထွေထွေထူးထူးတော့ အမှတ်တရတွေ မရှိခဲ့ပါ။

ဘာပဲဖြစ်ဖြစ်မနက်ဖြန်ကျောင်းပြန်တတ်ရတော့မယ်။ ကျောင်းပိတ်တုန်းပျင်းနေတာမို့ ကျောင်းတော့ ပြန်တတ်ချင်ပါရဲ့ ကိုသု မျက်နှာကြီးမျက်လုံးထဲ မြင်လာတော့ ချက်ချင်းမျက်နှာသစ်ပြစ်ချင်စိတ်တောင် ပေါက်သွားရသည်။

Without YouWhere stories live. Discover now