"ဟုတ်တယ်နဒီချို ကိုသု အတင်းခေါ်တာနဲ့ လိုက်လာတာ" ဟုဖြေလိုက်လျှင် နဒီချိုက မျက်လုံးလေးဝင့်ကာ ကိုသုရော ဘေးဘေးကိုပါ ကြည့်လိုက်ပြီးလျှင်

"ယူတို့က ညီအကို တွေလားကျောင်းမှာ အမြဲတူတူတွေ့ရတယ်နော်" အသံက မချိုမချဉ် ခနဲ့သည့်အသံမို့ စိတ်ထဲ ဖုကနဲဖြစ်သွားသည်။ ဒါကို ဟိုအကောင် ကိုသုကတော့" မေမေတို့က သူငယ်ချင်းတွေဆိုတော့ ဒီအတိုင်းခင်ကြတာပါ ကိုယ့်ရဲ့ ငယ်ကျွန်လေးလေ ငယ်နိုင်ပေါ့ "ဆိုပြီး ဘေးဘေးခေါင်းကို ပွတ်ရင်းပြောလျှင်

"ဘာ ငယ်နိုင်လဲ ဆွဲလုပ်လိုက်ရ သေတော့မယ်" ဟု တွန်းလွှတ်သူ့ကိုကြိမ်းလျှင် သူက "အဲ့ကောင်က အဲ့လိုပဲရှက်ရမ်းရမ်းတတ်တယ် " ဆိုပြီး ပြောလေသည်။

"မသိပါဘူး နာမည်တွေမှာ သု ပါကြတော့ ညီအကိုတွေမှတ်နေတာ ဒါပေမဲ့ ကိုသုက ပိုချောတာပေါ့ " ဟု နဒီချိုကပြောလျှင် ကိုသု မျက်နှာကြီးက ဖြီးလို့ သူ့မှာသာ အောင့်သက်သက် နဒီချို မသိရင် ရုပ်ကလေးလှလှနဲ့ စိတ်ပုတ်မ ဟု စိတ်ထဲမှ မေတ္တာနာနာပို့မိသည်။

ကိုသုလည်းဘာထူးလဲ နှာဘူးကောင် စိတ်ထဲမှသာ အောင့်သက်သက်နဲ့ ပြန်ပြောမိသည်။ ဒါပေမဲ့ သူပြောတာလည်း ဟုတ်သည်ပဲလေ ဘေးဘေးက ချစ်စရာကောင်းပေမယ့် ကိုသုနဲ့ယှဉ်ရင်ကို အလိုလိုရုပ်ဆိုးသွားတာကိုး

"ဟော မေမေတို့ ပြန်တော့မယ်ထင်တယ် ကိုသုတာ့တာနော် မြတ်သုတညီလည်းတာ့တာ"ဆိုပြီး နဒီချို နှုတ်ဆက်ကာထွက်သွားလေသည်။

သူမ ထွက်သွားမှပဲ ကိုသုက "ငါတို့လည်းပြန်ကြစို့ အိပ်ချင်ပြီဟု " ပြောလျှင် "အခုမှ လေ့ကျင့်ခန်းလုပ်တာ နာရီဝက်တောင် မပြည့်သေးဘူးလေ " ဟု ခနဲ့လျှင် "ငါကတော့ပြီးပြီ သွားရအောင် အိပ်ချင်ပြီ ဆိုပြီး ပြန်လေသည်"

လတ်စသတ်တော့ ဒင်း ဆော်ကြောင်ဖို့မနက်အစောကြီး ထလိုက်ပေးရတာကိုး ငါ့မှာတော့ ချမ်းချမ်းအေးအေးနဲ့ လိုက်လာရတာ။ စိတ်တိုတိုနဲ့ "နောက်ရက်တွေ နှာခေါင်းလေ့ကျင့်ခန်းလုပ်ဖို့ဆို လာမခေါ်နဲ့ တစ်ယောက်တည်းကြွ "ဟုအော်လျှင် "ဖုန်းနံပါတ်ရခဲ့ပြီ နောက်ရက်မင်းကိုလည်း လာမနှိုးဘူးဟားဟားး "အော်ပြီးပြေးသွားသော ကိုသုကို နောက်မှကြည့်ရင်း

Without YouWhere stories live. Discover now